တနင်္သာရီတိုင်းအတွင်း ရွာသား ၁၀ ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်

တနင်္သာရီတိုင်းအတွင်း ရွာသား ၁၀ ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် နှစ်ပတ်ကျော်ကြာ တပ်စွဲ နေထိုင် ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က ရွာသား ၁၀ ဦးထက် မနည်း သတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံးရေ ၅၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် မေလ ဒုတိယအပတ်နှင့် တတိယအပတ်တွင်း ကနက်သီရိနှင့် ကျွဲမင်းကုန်းကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့က အခြေချနေထိုင်ခဲ့ခြင်းဖြစ်ပြီး   ကနက်သီရိကျေးရွာက ရွာသား ၈ ဦးနှင့် ကျွဲမင်းကုန်း ရွာသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “အသတ်ခံရတဲ့သူတွေ အများစုက ရေလုပ်ငန်း လုပ်ကိုင်နေသူတွေပါ။ အဲဒီအထဲမှာ ဦးအောင်နိုင် တစ်ယောက်ပဲ စိတ်ကျမ်းမာရေး ချို့ယွင်းနေတယ်။ ပစ်သတ်ခံရပြီးမှ အိမ်တွေ အထဲ မှာ မီးရှို့ထားတာဖြစ်မယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်မှ ပြန်ဆုတ်ခွာသွားပြီးနောက် ကနက်သီရီကျေးရွာတွင် ရုပ်အလောင်း ၈ လောင်းတွေ့ရှိခဲ့ရပြီး အလောင်းများအထဲက ၅ ဦးကို အတည်ပြုနိုင်ခဲ့သော်လည်း ကျန် ၃ ဦးကိုမူ မည်သူမည်ဝါ ဖြစ် သည်ကို အတည် မပြုနိုင်သေးကြောင်း ရွာသားများက ဆိုသည်။

အသတ်ခံခဲ့ရသည့်သူများမှာ ကနက်သီရိရွာသားများ ဖြစ်ကြသော အသက် ၆၀ အရွယ် ဦးမွန်စိုး၊ အသက် ၄၀ နှစ်အရွယ် ဦးလင်းလင်း၊ အသက် ၄၅ နှစ်အရွယ်  ဦးအောင်နိုင်၊ အသက် ၅၀ အရွယ် ဦးလားဘုန်းကြီး နှင့် ဦးအောင်သန်းခိုင်တို့နှင့် ကျွဲမင်းကုန်းရွာသား ၂ ဦး ဖြစ်သည့် ဦးလားရှည်နှင့် ဦးမိုးပြာတို့ ဖြစ်ကြသည်။

သရက်ချောင်းမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး လုပ် ဆောင်ခဲ့ခြင်းကြောင့် ကနက်သီရိနှင့် ကျွဲမင်းကုန်းကျေးရွာ အနီးတဝိုက်ရှိ ရွာသားများ နီးစပ်ရာ မြို့‌ ရွာများဆီသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြရသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသည့် ဆယ်ဦးအပြင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ ခြင်းကြောင့် ကနက်သီရိကျေးရွာသား အသက် ၄၀ အရွယ် ကိုနောင်ဂေါနှင့် ကိုနိုင်ကြီး၊ အသက် ၃၅ နှစ်အရွယ် ကိုညီဦး၊ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်စိုးသူ နှင့် အသက် ၁၅ နှစ်အရွယ် မောင်ဟိန်းပြည့်ဖြိုးတို့အပြင် ဂုံညှင်း ဆိပ်ကျေးရွာသား အသက် ၁၅ နှစ်အရွယ် မောင်အောင်မြတ်နိုးတို့ သေဆုံးခဲ့သည်။

ရွာသားများ သေဆုံးခြင်းများအပြင် မီးလောင်ပျက်စီးခဲ့သည့် ကနက်သီရီကျေးရွာမှ နေအိမ် ၄၄ ဆောင်နှင့် ကျွဲမင်းကုန်းကျေးရွာမှ နေအိမ် ၉ ဆောင် စုစုပေါင်း ၅၃ ဆောင် မီးလောင်ပျက်စီးခဲ့ပြီး ဖောက်ထွင်းခံရသည့် နေအိမ် အရေအတွက်မှာလည်း အမြောက်အမြားရှိနေသည်ဟု ရွာသားများက ဆိုသည်။

စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသဖြင့် မီးကူးလောင်ပျက်စီးခဲ့သည့် နေအိမ်များရှိသလို လက်နက်ကြီးကျည် ကျ ပြီး မီးလောင်ခြင်းများနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးထိမှန်ပြီး မီးလောင်ခြင်းများလည်း ရှိခဲ့သည်ဟု ဆို သည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ကနက်သီရိကျေးရွာ အထက်တန်း စာသင်ကျောင်းဆောင် အပါအဝင် နေအိမ် ၁၀ ဆောင်၊ ရငဲကျေးရွာမှ တိုက်နယ်ဆေးရုံ၊ ဂုံညှင်းဆိပ်ကျေးရွာ ဆေးခန်း အဆောက်အအုံ အပါအဝင် နေအိမ် နှစ်ဆောင်လည်း ထိခိုက်ပျက်စီးခဲ့ သေးကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...