ကချင်ပြည်နဲ့ရှမ်းပြည်အစပ် ရွှေလီမြစ်ဝှမ်းတစ်ကြောကို KIA တပ်မဟာ ၁၁ နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်း

ကချင်ပြည်နဲ့ရှမ်းပြည်အစပ် ရွှေလီမြစ်ဝှမ်းတစ်ကြောကို KIA တပ်မဟာ ၁၁ နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်း

- ကချင်ပြည်နဲ့ရှမ်းပြည်အစပ်မှာရှိတဲ့ ရွှေလီမြစ်ဝှမ်း(N-mau Hka)တစ်ကြောကို KIA တပ်မဟာ ၁၁ နယ်မြေအဖြစ် တပ်မဟာထပ်တိုးကာ သတ်မှတ်ဖွဲ့စည်းလိုက်ပြီလို့ KIA ဘက်က ပြောပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့မုံးကိုးဒေသက ကျေးရွာတချို့မှာ ကိုးကန့်တပ် MNDAA က စာသင်ကျောင်းတွေထဲ တပ်ချနေရာယူလိုက်တာကြောင့် ကျေးရွာဒေသခံပြည်သူတွေအနေနဲ့ ကျောင်းဖွင့်နိုင်ဖို့အရေး အခက်ကြုံနေရတယ်လို့  ပြောပါတယ်။

- တိုက်ပွဲပြင်းထန်းနေတဲ့ ကချင်ပြည်မှာ ရေဘေးအန္တရာယ်အတွက်လည်း ထပ်ဆင့်စိုးရိမ်နေရတာဟာ  မိမိကိုယ်ကျိုးအတွက် စည်းကမ်းမဲ့ သစ်ထုတ်လုပ်တာ၊ သယံဇာတတူးဖော်တာတွေကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု ပိုမိုဆိုးရွားလာတာကို သက်သေပြနေတာဖြစ်တယ်လို့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

Most read this week

December 20, 2025
- ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ၅၆ မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကော်မရှင်က...
December 20, 2025
- မြေရှားသတ္တုအတွက် ကချင်လွတ်တပ်ရေးအဖွဲ့(KIO/KIA)နဲ့ အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှု...
December 19, 2025
- ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA)က ဒေသခံ ခူမီးချင်းလူမျိုးတွေကို နေရပ်ကနေ...
December 18, 2025
- ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ‌...