ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် တတိယအသုတ်အနေဖြင့် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်စာများပေးပို့

ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် တတိယအသုတ်အနေဖြင့် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်စာများပေးပို့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် တတိယအသုတ်အနေဖြင့် စစ်မှုထမ်းရန်အတွက် တစ်ရပ်ကွက်လျှင် လူ(၃)ဦးနှုန်းဖြင့် ဆင့်ခေါ်စာများ ပေးပို့လာကြောင်း မြို့နေဒေသခံများ ကပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အများစုတွင် ယခုမေလနောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆင့်ခေါ်စာများ လိုက်လံပို့ဆောင်နေခြင်းဖြစ် ကြောင်း ရပ်ကွက်နေ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

၎င်းက “ဒီအပတ်ထဲမှာ စပြီးတော့ လိုက်ကောက်တာ တတိယအသုတ်အတွက်။ တစ်ရပ်ကွက်ကို သုံးယောက် နှုန်းနဲ့။ အရင်ကမဲနှိုက်ရမယ်ပြောပြီး စစ်မှုထမ်းဖို့ လာခေါ်တိုင်း နာမည်အတိအကျနဲ့ကိုရောက်လာပြီး ဆင့်ခေါ်စာ တွေပေးသွားတယ်။ မဲနှိုက်စရာတောာင်မလိုဘူး။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ဆင့်ခေါ်စာများကို ထားဝယ်မြို့ပေါ်ရှိ ကရပ်ပြင်ရပ်ကွက်၊ ဇရစ်ရပ်ကွက်၊ တလိုင်းမရပ်ကွက်၊ ကြက်စား ပြင်ရပ်ကွက် နှင့် ကျန်နီးစပ်သည့်ရပ်ကွက်များအတွင်းသို့ ပေးပို့လာခြင်းဖြစ်သည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အသက်အရွယ်ပြည့်မြောက်ပြီးသူတိုင်း ထားဝယ်မြို့နယ် စုပေါင်းရုံးသို့ မှတ်ပုံတင် စာရင်းတင်ရန် မပျက်မကွက်သတင်းပို့ရမည်ဖြစ်ပြီး သတင်းပို့ရန်ပျက်ကွက်ပါက စစ်မှု ထမ်းဥပ‌ဒေအရ အရေးယူခံရမည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်းလည်း ဖော်ပြပါ ဒေသခံအမျိုးသမီးက ဆက် ပြောသည်။

ထို့အပြင် ဆင့်ခေါ်စာပို့ဆောင်ခံရသည့် သူများအနေဖြင့်လည်း စစ်မှုမထမ်းလိုပါက စစ်ကောင်စီ တပ်ဖွဲ့ဝင် များအား ငွေကျပ် သိန်း(၂၀)မှ သိန်း(၅၀)အထိ ပေးဆောင်ရကြောင်းလည်း မြို့ပေါ်ရပ်ကွက်နေ နောက်ထပ် အမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။

“အကယ်၍ ကိုယ်ကစစ်မှုမထမ်းချင်ရင် သူတို့တောင်းသလောက်ပေးရတယ်။ ရပ်ကွက်ထဲက တစ်အိမ်ဆိုရင် သားအဖနှစ်ယောက် လုံးထိတယ်။ တစ်ယောက်ကို သိန်း(၅၀) တောင်းတယ်။ ပြီးတော့ ညှိနှိုင်းရင်းနဲ့ သိန်း(၂၀) ပေးလိုက်ရတယ်။ အခုတော့ အဲ့ဒီလူတွေလည်း တခြားနိုင်ငံသွားရှောင်ကုန်ကြပြီး။ ဆင့်ခေါ်စာထိတဲ့ အိမ်တိုင်း ရှောင်ကြတာများလာတော့ ရှောင်နေတဲ့သူကိုယ်ပါပြန်ခေါ်ခိုင်းတဲ့အထိ ဖြစ်လာတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလို စစ်ကောင်စီမှ လူငယ်များအား အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့်ပတ်သက်၍ ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာရေးအဖွဲ့-BACS ၏အစီရင်ခံစာအရ စစ်မှုထမ်း အပတ်စဉ် (၁) အတွက် မြန်မာနိုင်ငံအနှံ့အပြားတွင် လူငယ်ပေါင်း (၄,၃၀၀) ကျော် စစ်သားစုဆောင်ခံရ၍ သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရ ကြောင်း ဖော်ပြထားသည်။

စစ်သားအတင်းအဓမ္မစုဆောင်းခြင်းခံရသည့်အထဲတွင် တနင်္သာရီတိုင်းရှိ ပထမအသုတ် နှင့် ဒုတိယအသုတ် အဖြစ်ခေါ်ယူထားသည့် လူဦးရေ (၅၀၀) ကျော်ကို ယခုလက်ရှိ ပုလောမြို့နယ်၊ ပလောက်မြို့အခြေစိုက် စစ်ကောင်စီ၏ အဆင့်မြှင့် သင်တန်းကျောင်း တတက-၁၂ တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်သင်တန်းပေးနေကြောင်းလည်း BACS ၏ထုတ်ပြန်ထားချက်အရ သိရသည်။

April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...