လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ တစ်ထောင်ကျော် ထပ်တိုးလာပြီး နေရာထိုင်ခင်း လိုအပ်နေ

လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ တစ်ထောင်ကျော် ထပ်တိုးလာပြီး နေရာထိုင်ခင်း လိုအပ်နေ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ မေလ ဒုတိယပတ်ကစပြီး စစ်ရှောင်ဦးရေ တစ်ထောင်ကျော် ထပ်တိုးလာတာကြောင့် နေရာထိုင်ခင်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

လတ်တလော စစ်ရှောင်တွေဟာ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ ခိုလှုံနေထိုင်ကြတာရှိသလို တည်းခိုစရာမရှိသေးတဲ့ စစ်ရှောင်တွေကတော့ နေထိုင်ရေးအတွက် သစ်၊ ဝါးတွေ နဲ့ တဲဆောက်လုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်စဉ်က စားနပ်ရိက္ခာအနည်းငယ်သာ ပါလာတာကြောင့် စားသောက်ရေးအတွက်လည်း လိုအပ်မှုရှိနေတယ်လို့ ဆိုပါတယ်။

” ဒီမှာ ရောက်ချိန် အခက်အခဲက လောလောဆယ်က ခြံထဲမှာပဲနေရတယ် ခြံထဲမှာပဲနေရတဲ့ခါကျတော့ တကယ်လို့ တဲဆောက်မယ်ဆိုလည်း ရှာရမှာပေါ့နော်။ ဘာလို့ဆို ဒီမှာ ဘာမှမရှိဘူး ပြောရမှာပေါ့။ ဒါပေမယ့် ဒီမှာ တဲတွေ ထိုးဖို့ ဒီ ဝါးတွေ ခုတ်ဖို့ဆိုလည်း ဘာမှ မရှိဘူးပေါ့ အခက်အခဲတော့ရှိတယ်။” လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် လွိုင်ကော်အရှေ့ဘက်ခြမ်းကို တိမ်းရှောင်လာကြတာဖြစ်ပြီး လွိုင်လင်လေးမြို့နယ်အတွင်းက ဒေသခံတွေ နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရှိနှင့်ပြီးသား စစ်ရှောင်စခန်းတွေမှာ အလှူရှင် လာရောက်လှူဒါန်းမှု နည်းပါးနေသလို မိသားစုဦးရေ များတဲ့ စစ်ရှောင်တွေအတွက် စားဝတ်နေရေးလည်း ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

စစ်ရှောင်ဦးရေ များပြားလာတာကြောင့် နေရာထိုင်ခင်းအတွက် အမိုးအကာ အပြင် စားနပ်ရိက္ခာ နဲ့ ဆေးဝါး လည်း လိုအပ်နေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ တစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...
April 22, 2026
ထိုင်း-ကရင်နီနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်မှာ နေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်တွေက...