ရှားတောမှာ ရိက္ခာပြတ်လပ်လာတဲ့အတွက် နယ်စပ်က စစ်ရှောင်စခန်းကို စစ်ရှောင်တွေ ရောက်ရှိလာ

ရှားတောမှာ ရိက္ခာပြတ်လပ်လာတဲ့အတွက် နယ်စပ်က စစ်ရှောင်စခန်းကို စစ်ရှောင်တွေ ရောက်ရှိလာ

ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ ယခုပတ်အတွင်း အသစ်ထပ်ရောက်ရှိလာတဲ့ စစ်ရှောင် အိမ်ခြေ ၃၀ နီးပါးရှိပြီး လူဦးရေ ၁၀၀ ဝန်းကျင်ရှိနေတယ်လို့ စစ်ရှောင်စခန်းကော်မတီဆီကနေ သိရပါတယ်။

ထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေဟာ ရှားတောဒေသဘက်က အများစုဖြစ်ပြီး စားနပ်ရိက္ခာတွေ ပြတ်လပ်လာတာကြောင့် အခုလို နယ်စပ်စစ်ရှောင်စခန်းကို ပြောင်းရွေ့လာတာဖြစ်တယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ အစားအစာတွေက မလာနိုင်တော့ဘူး။ အဲ့ဒီတစ်ကြောလုံးပဲပေါ့။ ဒေါပါပါး၊ ဒေါစဲ၊ ဒေါဒူ အဲဒီရွာတွေမှာ သွားလို့မရတော့ဘူး။” လို့ သူက ပြောပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ယခုလအတွင်း ရိက္ခာလမ်းကြောင်းတွေမလာနိုင်တဲ့အတွက် ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အပြင် အလှူရှင်တွေလည်း မရောက်ရှိဘူးလို့ သိရပါတယ်။

ကုန်စျေးနှုန်းတွေ မြှင့်တက်နေတဲ့အပြင် ဝင်ငွေရ အလုပ်အကိုင်တွေ မရှိတော့တဲ့အတွက် စားဝတ်နေရေးပိုမိုကျပ်တည်းလာတယ်လို့ ဆိုပါတယ်။

နယ်စပ်စစ်ရှောင်စခန်းကို အသစ်ရောက်ရှိလာတဲ့ စစ်ရှောင်တွေအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အိုးခွက်ပန်းကန်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းကော်မတီရဲ့အတွင်းရေးမှူး – ၁ ခွန်းရောဘတ်က ပြောပါတယ်။

“ အသစ်ထပ်ရောက်လာတဲ့ စစ်ရှောင်တွေအတွက် ကျနော်တို့ဆီမှာ ဘားမှတော့ မရှိသေးဘူးပေါ့နော။ အိုးခွက်ပန်းကန်တို့ကအစ သူတို့အတွက် ကျနော်တို့ ဘားမှမပေးနိုင်သေးဘူး။ အဲဒါတွေလိုအပ်တယ်။” လို့ သူက ပြောပါတယ်။

နယ်စပ်စစ်ရှောင်စခန်းမှာ လက်ရှိအချိန်အထိ စစ်ရှောင် ၃၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိ ရှားတောမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) ရဲ့ ဒီကနေ့ မေလ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...