တနင်္သာရီတွင် စစ်ကောင်စီ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များ တစ်ရက်ထဲ သုံးကြိမ်တိုက်

တနင်္သာရီတွင် စစ်ကောင်စီ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များ တစ်ရက်ထဲ သုံးကြိမ်တိုက်

မြိတ်မြို့မှ တနင်္သာရီမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီ၏ ရိက္ခာပို့ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တစ်ရက်တည်း၌ သုံးကြိမ်တိုက်ခိုက်ခဲ့သည်ဟု တောဗုံးကြီးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကို တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် ပုလော-ပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တောဗုံးကြီးအဖွဲ့ တာဝန်ရှိသူက “လသာရွာအနား မိုင်းတစ်ခါဆွဲခံထားရတာဆိုတော့ ဒီဘက်ကိုဖြတ်တဲ့ အချိန်မှာ အရှိန်အကြမ်းနဲ့ လက်နက်ကြီးတွေ ပစ်ပြီး ဖြတ်မောင်းသွားတာပါ။ တိုက်ခိုက်ခံရတဲ့ ယာဥ်တန်း ထိခိုက်ပျက်စီး မှုကိုတော့ စုံစမ်းနေတုန်းပါပဲ” ဟု ပြောသည်။

ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီကား ၉ စီးကို မြိတ်မြို့နယ် လသာရွာအနီးတွင်တစ်ကြိမ်၊ တနင်္သာရီမြို့ နယ် ကမ်းတိုရွာအနီးတစ်ကြိမ်နှင့် ဘန်းလမွတ်ကျေးရွာအနီးတစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင် မေလ (၂၀ ) ရက် နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မေလ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်က မြိတ်မြို့နယ် လသာကျေးရွာအနီးရှိ ရဲသေတောင်နေရာသို့  စစ်ကောင် စီ ယာဥ်တန်းရောက် ရှိလာချိန် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရိက္ခာကား ၃ စီး ရပ်နားကျန်ရှိခဲ့သေး ကြောင်း ရွာသားများက ပြောသည်။

ဆက်လက် ထွက်ခွာလာသည့် ရှေ့ပြေးကားငယ်တစ်စီးနှင့် ရိက္ခာကား ၆ စီးတို့ကို တနင်္သာရီမြို့နယ် ကမ်းတိုကျေး ရွာ အရောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်ငယ်များဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ရင်း ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် စစ်ကောင်စီ ယာဉ်တန်းမှာ ဘန်းလမွတ်ကျေးရွာအနီးသို့ ရောက်ရှိလာချိန် မွန်းတည့် ၁၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေး အဖွဲ့များ၏ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း တောဗုံးကြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဘန်းလမွတ်ကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာနှင့် ဘန်းလမွတ်ကျေးရွာအကြား လမ်းတလျှောက်တွင် မိုင်းအလုံး ၂၀ ကျော်ကို ကြိုတင် ထောင်ထားခြင်းဖြစ်ပြီး ရိက္ခာကား ၂ စီး ထပ်မံ၍ မိုင်းထိသွားသည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ပြီး နာရီဝက်ခန့် အကြာ ဘန်းလမွတ်ကျေးရွာ ချောင်းအနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး သေနတ် ထိမှန် သွားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် ဘန်းလမွတ်ကျေးရွာအနီး မိုင်းထိထားသည့် ကားများအပါအဝင် ရိက္ခာကား ၉ စီးလုံး အရှေ့မော် တုန်းကျေးရွာ အခြေစိုက် အမြောက်တပ်ရင်း အမတ (၃၀၆) ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း တောဗုံးကြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မေလ ၁၈ ရက်နေ့ကလည်း ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ - ၅၆၁ တပ်ရင်းမှ ထွက်ခွာလာသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့သေးကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန် ရှိသူက ပြောသည်။

Most read this week

June 12, 2024
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသား တပ်မတော် TNLA ၏ တပ်စခန်းကို...
June 11, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ ပြည်သူ ၅၀၀ နီးပါးခန့်မှာ တတိယအကြိမ်...
June 8, 2024
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်ပြုပြင်ရေး စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အသက် မပြည့်သေး...
June 4, 2024
ချင်းပြည်နယ်အတွင်းက ဒေသခံပြည်သူများကို အသေးစားချေးငွေပေးနိုင်ရေး အမေရိကန်ဒေါ်လာ ၅ သိန်းတန်...