ကျောက်တော် ဝဲကြီးထောင့်ကျန်းမာရေးဌာန ဗုံးကြဲခံရ၍ ၁၅ ဦးခန့် ဒဏ်ရာရ

ကျောက်တော် ဝဲကြီးထောင့်ကျန်းမာရေးဌာန ဗုံးကြဲခံရ၍ ၁၅ ဦးခန့် ဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို စစ်ကောင်စီက ယနေ့ (မေလ ၁၅ ရက်) နံနက် ၁ နာရီခန့်တွင် လေကြောင်းဖြင့် လာရောက်ဗုံးကြဲသွား၍ ၁၅ ဦးခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဝဲကြီးထောင့်ကျန်းမာရေးဌာနကို စစ်ကောင်စီက နှစ်ကြိမ်တိတိ လာရောက်ဗုံးကြဲသွားမှုကြောင့် ဒဏ်ရာရရှိသူ များပြားခဲ့သည့်အပြင် အဆောက်အုံများလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

“ အသေအပျောက်တော့ မရှိဘူး။ ဒဏ်ရာရတဲ့သူတွေများတယ်။ ဆေးရုံက လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေပါတယ်။ ဆေးရုံးအနီးက မြင်းတစ်ကောင်တော့ သေသွားတယ်” ဟု ဝဲကြီးထောင့် ကျေးရွာသားတစ်ဦးက ပြောသည်။

ဗုံးကြဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူများရှိပြီး လက်ရှိတွင် အရေးပေါ်ဆေးကုမှု ခံယူနေရကြောင်း သိရသည်။  

ကျောက်တော်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဝဲကြီးထောင်ကျန်းမာရေးဌာန၊ ကြာညိုအင်းရွာ၊ လမ်းမတော်ရွာ စသည့် နေရာသုံးခုအထိ စစ်ကောင်စီက ဗုံးကြဲပစ်ခတ်သွားခဲ့ကြောင်း DMG က စုံစမ်းသိရှိရသည်။

ရခိုင်ဒေသအတွင်း မြို့/ရွာများအပြင် ဆေးရုံ/ဆေးခန်းများကိုပါ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူများမှာ လုံခြုံစွာဆေးဝါးကုသခွင့်ရရှိရန် အခက်အခဲများရှိနေကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မင်းပြားမြို့နယ်၊ မင်းဖူးတိုက်နယ်ဆေးရုံကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံး ပျက်စီးသွားကာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သည်။

“ဗုံးကြဲလို့ ဒဏ်ရာတဲ့အရပ်သားတွေက ဆေးရုံ/ဆေးခန်းတွေမှာ ဆေးကုသမှုခံယူနေကြရတယ်။ အဲဒီနေရာတွေကို ထပ်ပြီး ဗုံးကြဲတိုက်ခိုက်မှုလုပ်တာဟာ  စစ်ကောင်စီက ပြည်သူတွေကို နှစ်ခါသတ်သတ်နေတာ” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ရခိုင်တွင် အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကြောင့် အရေးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့/ရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကြောင့် ထိခိုက်သေဆုံးမှုနှုန်း မြင့်တက်လျက်ရှိသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...