KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြေကွဲကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ မေလ ၁၄ ရက် မွန်းလွဲတွင် ထုတ်ပြန်သည်။

ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းသည် ယမန်နေ့ မေလ ၁၃ ရက်နေ့တွင် အသည်းကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်၌ အသက်၆၂နှစ်အရွယ်ရှိပြီဖြစ်သည်။ NUG ၊ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို တိုင်တဝက်ချ၍ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

“တိုင်းပြည်ရဲ့လွတ်မြောက်ရေး၊ ပြည်သူအများလွတ်မြောက်ရေး၊ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ကြိုးစားနေတဲ့သူ ဆုံးရှုံးရခြင်းအတွက် အင်မတန်မှဝမ်းနည်း ကြေကွဲဖွယ်ဖြစ်ပါတယ်” ဟု NUGအစိုးရ၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းကပြောသည်။

KIA စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊အမှတ်(၁) စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းဖြစ်ပြီး ၁၉၈၈ လူထုအုံကြွမှုကြီးတွင် တောခိုကာကျောင်းသားဘဝကို ရွေးချယ်ခဲ့သည်။

“သူကဂစ်တာသမား။ Bassဂစ်တာတီးတယ် ရန်ကုန်တက္ကသိုလ်မှာကျောင်းတက်တုန်းက အဲ့တာတွေကညဘက်ရေနွေးကြမ်းသောက်ရင်းသူပြောပြတာတွေပါ။ သူYUမှာတက်တုန်းကခင်မောင်တိုးတို့နဲ့အတူတူပဲ။သူက ဘေ့စ်ဂစ်တာတီးတာ။ သူစစ်သားမဖြစ်ခဲ့ရင်ဂီတလောကမှာရှိနေဖြစ်မှာပေါ့” ဟု ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းနှင့် တွေ့ဆုံခဲ့ဖူးသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရဲဘော်တဦးက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးRခေါင်လွမ်းသည် စစ်ရေးပရိယာယ်ကျွမ်းကျင်သူဖြစ်ပြီး ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝသူဖြစ်ကြောင်း KIAထံတွင် စစ်သင်တန်းတက်ခဲ့သည့် PDF ရဲဘော်များကပြောသည်။

“၂၀၂၄ နှစ်ဆန်းပိုင်းထဲမှာ ရှေ့တန်းအထိအရောက်လာပြီး တပ်ရင်းမှူး၊ ကျနော်တို့သွေးနဲ့ရေးပြီးသား သင်ခန်းစာတွေကို ခင်ဗျားတို့ကသင်ယူနော်၊ ထပ်ပြီးသွေးနဲ့မရေးနဲ့လို့အမှာစကားကို အခုထိနားထဲကြားယောင်ဆဲပါ။ ဒူပတို့သွေးနဲ့ရေးခဲ့တဲ့ သင်ခန်းစာတွေကို သင်ယူရင်း တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမယ် ဒူပ” ဟု စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

သပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းကလည်း “ဒူကဘာရဲ့ ထက်မြက်လှတဲ့ စစ်ရေးအတွေးအခေါ်၊ ပေါ်ကြွယ်လှတဲ့ စစ်ရေးအတွေ့အကြုံ၊ ရိုးဖြောင့်လှတဲ့ နိုင်ငံရေးအမြင်တွေကို ကျနော် သေသေချာချာ သိရှိ၊ မှတ်သားခွင့် ရခဲ့ပါတယ်။ဒူကဘာအကြောင်း ကျနော့်မှာ ပြောစရာတွေ အများကြီးပဲဗျာ” ဟု ဒုတိယဗိုလ်ချုပ်ကြီးRခေါင်လွမ်းကွယ်လွန်သည့်အပေါ်ဝမ်းနည်းကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြထားသည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် / Crd
September 21, 2026
မကွေးမြို့မှ ထွက်ခွာလာသည့် အင်အား ၁,၅၀၀ နီးပါးပါ စစ်အုပ်စုတပ်၏ ယာဉ်တန်းသည် ယောဒေသ၊ လောင်း...
September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...