ဒီးမော့ဆို၊ စစ်ရှောင်စခန်းတစ်ခုမှာ လသားအရွယ် အရေပြားအနာ အဖြစ်များနေ

ဒီးမော့ဆို၊ စစ်ရှောင်စခန်းတစ်ခုမှာ လသားအရွယ် အရေပြားအနာ အဖြစ်များနေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွေမှာ တစ်နှစ်အောက် ကလေးတွေနဲ့ လသားအရွယ်ကလေးတွေမှာ အရေပြားအနာ အဖြစ်များနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းမှာ အရေပြားအနာဖြစ်ပွားမှုကို ခံစားရတာ ၄ လတာရှိနေပြီး ကလေးငယ်မှာ လက်ရှိအချိန်ထိမပျောက်ကင်းနိုင်သေးဘူးလို့ ကလေးမိခင်တစ်ဦးဖြစ်တဲ့ မော်ဖရေမြာက ပြောပါတယ်။

“ စိုးရိမ်တာပေါ့၊ အစာစားတာလည်း မစားရဲဘူး၊ အညော်မိမှာလည်း စိုးရိမ်တယ်။ အညော်မိရင် ပိုဆိုးတယ် အဲ့လိုဖြစ်တယ်။ ဒီအရွယ်တွေပဲ တော်တော်အဖြစ်များတယ်။ လက်မှာ အနာတွေ ပေါက်လာကြတယ်။ အရင်ရက်က သူငယ်ချင်းရဲ့ ကလေးလည်း လက်မှာ အနာပေါက်လို့ ထမင်းတောင် မစားတတ်တော့ဘူး၊ လူကြီးတချို့လည်း ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။

အခုလို အရေပြားအနာ ကုသဖို့အတွက် စစ်ရှောင်စခန်းက ကိုယ်ထူကိုယ်ထဆေးပေးခန်းမှာ ဆေးဝါးမရှိသလို ဆေးရုံ၊ ဆေးခန်း သွားရောက်ပြသဖို့အတွက် သွားလာရေးခက်ခဲတယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကစပြီး အရေပြားအနာ ဖြစ်ပွားတဲ့ တစ်နှစ်အောက်ကလေးငယ်နဲ့ လသားအရွယ် အနည်းဆုံး ၁၅ဦး ရှိတယ်လို့ ဆိုပါတယ်။

လက်၊ ခြေထောက်၊ ဝမ်းဗိုက်နေရာတွေမှာ အနာပေါက်ကြပြီး တချို့ကလေးငယ်မှာ သက်သာလာပေမယ့် လနဲ့ချီ ဖြစ်ပွားနေသူတချို့ကတော့ ပျောက်ကင်းတာ မရှိသေးဘူးလို့ သိရပါတယ်။

“ အခုက ရွာမှာ အရေပြား ယားတာက နည်းလာပြီး သိပ်မများတော့ဘူး။ တချို့ ကလေးဖြစ်တာက တော်တော်ကြာပြီ၊ ပါးမှာဖြစ်နေတယ်ဆိုတော့ ကလေး အသားအရေက တအားနုတော့ ကလေးတွေ ပါးနမ်းတာတွေ တအားလည်း ဖြစ်နေတော့၊ ကလေးရဲ့ လက်တွေမှာ အဖုဖု ထွက်လာလို့ ဖောက်ပလိုက်တာ ဆေးဝါရည်နဲ့ ထည့်တော့ သက်သာလာကြတယ်။ တချို့ကျတော့လည်း ကရုစိုက်မှု အားနည်းတာလည်း ဖြစ်ပါတယ်။” လို့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လတ်တလော ရာသီဥတု အကူးအပြောင်းကာလမှာလည်း စစ်ဘေးရှောင်၊ ဒေသခံတချို့မှာ နှာစေး၊ ချောင်းဆိုး အဖြစ်များနေကြပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိမှု အားနည်းနေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံတွေဟာ မိမိတို့နေရပ် ကျေးရွာမှာ ပြန်လည် နေထိုင်ကြတာရှိသလို အများစုကတော့ စစ်ဘေးရှောင်စခန်းမှာပဲ နေထိုင်ကြဆဲဖြစ်ပါတယ်။

April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...
April 22, 2026
ထိုင်း-ကရင်နီနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်မှာ နေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်တွေက...