မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီဖျက်ဆီးနေ

မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီဖျက်ဆီးနေ

ရခိုင်ပြည်၊ မောင်တောဒေသတွင် AA ထိုးစစ်ကြောင့် တပ်ရင်း၊ တပ်မနှင့် တပ်စခန်းအများအပြား ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသောတံတားများကို ဆက်တိုက်ဖျက်ဆီးနေပြီး ၃ ရက်အတွင်း တံတား ၃ စင်း ကျိုးကျသွားပြီဖြစ်သည်။

မေလ (၈)ရက်နေ့ နံနက်ပိုင်းက မောင်တော မြို့သူကြီးရပ်ကွက်အခြေစိုက် နခခ(၅)ရဲတပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၃ မိုင် ကျီးကန်းပြင်ကားလမ်းမ ဇူလ(မွတ်ဆလင်)ရွာအနီးရှိ ၃ မိုင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြသည်။

“ အဲဒီတံတားက ကျီးကန်းပြင် ကားလမ်းတစ်လျှောက်က ဒေသခံတွေအတွက် အဓိက ကျတယ်။ ဒီနေ့အစောကြီး လာပြီးတော့ မိုင်းဖောက်ခွဲပြီး ဖျက်ဆီးသွားတာပါ။ စစ်ကောင်စီကတော့ ဒေသခံတွေရဲ့ အရေးပါတဲ့တံတားတွေကို တစ်ခုပြီးတစ်ခု ဖျက်စီးနေတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

မေလ ၇ ရက် ညနေပိုင်းကလည်း ၃ မိုင်-သီဟိုအေးတံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်က လာရောက်ပြီး မိုင်းခွဲဖျက်ဆီးခဲ့ကြသည်။ ယင်းအပြင် လှဖိုးခေါင်မှ မောင်တောသို့ဝင်သည့် မြို့ဝင်လဘော်ဇား တံတားကိုလည်း မေလ ၆ ရက် ညနေပိုင်းတွင် ဖျက်ဆီးလိုက်ကြကြောင်း သိရသည်။

“ဘူးသီးတောင်၊ မောင်တောဟာ AA ထိုးစစ်ကြောင်း ကျဆုံးတော့မယ်အခြေနေကို ရောက်နေပြီ။ အဲဒါကြောင့် စစ်ကောင်စီက AA ထိုးစစ်ဆင်မှုတွေကို နှောင့်ယှက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်တာ ဖြစ်တယ်။ တစ်ဖက်မှာလည်း အေအေအတွက် ထောက်ပို့လုပ်လို့မရအောင် တားဆီးတဲ့သဘောပေါ့။ ဒါပေမယ့် ဒီလိုလုပ်ရုံလောက်နဲ့တော့ တားဆီးလို့ရနိုင်မယ် မထင်ပါဘူး” ဟု စစ်ရေးနိုင်ငံရေး လေ့လာသုံးသူတစ်ဦးက ပြောသည်။

ဒေသတွင်းဆက်သွယ်ထားသည့် လမ်းတံတားများ ဖျက်ဆီးခံနေရသဖြင့် ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ပေါ်နေကြပြီး ကုန်စည်စီးဆင်းရေး အဟန့်အတားဖြစ်နေကြောင်း ပြောဆိုကြသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း စစ်ကောင်စီသည် မေလ  ၆ ရက်က ဘူးသီးတောင် - ရသေ့တောင်ကားလမ်းရှိ ပန်ဇင်းချောင်းတံတားနှင့် ဧပြီ ၂၅ ရက်တွင် ဂုံးနားကျေးရွာနှင့် ဆင်ကြီးပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

မောင်တောခရိုင်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် အာရက္ခတပ်တော်(AA)သည် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။

July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...