အသိပေးခြင်းမရှိဘဲ စစ်မှုထမ်းစာရင်းသွင်းခံထားရ၍ ပြည်နယ်စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအချို့တိမ်းရှောင်ပြီး နုတ်ထွက်စာတင်မှုများရှိနေ

အသိပေးခြင်းမရှိဘဲ စစ်မှုထမ်းစာရင်းသွင်းခံထားရ၍ ပြည်နယ်စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအချို့တိမ်းရှောင်ပြီး နုတ်ထွက်စာတင်မှုများရှိနေ

ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ စစ်မှုထမ်း ရန် စာရင်းသွင်းပေးပို့ ခံရခြင်းကြောင့် ဝန်ထမ်းအချို့ထွက်ပြေး တိမ်းရှောင်မှုနှင့် ထွက်စာတင်မှုများရှိနေကြောင်း ဖားအံဝန်ထမ်း သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ စစ်သင်တန်းတက်ရန် နှင့် စစ်မှုထမ်းရန် ဌာနရှိ ဝန်ထမ်းစာရင်းကို ပြည်နယ်အဆင့် ဝန်ကြီးဌာနအဆင့်သို့ စာရင်းတင်ပြရာတွင် အောက်ခြေဝန်ထမ်းများအား အစည်း အဝေး ခေါ်ယူ  အသိပေးခြင်းမရှိဘဲ ဌာနအရာရှိ အစီအစဉ်ဖြင့် စာရင်းရေးသွင်းပေးခဲ့သည့်အတွက် ယခုအခြေ အနေဖြစ်ပေါ်လာခြင်းဖြစ် ဝန်ထမ်းသတင်းအရင်းအမြစ်တစ်ခုက ယခုလို ပြောသည်။

" ဧပြီလကုန်လောက်က စာရင်းပေးလိုက်တာလို့ သိရတယ်။ ဘယ်သူမှ အသိမပေးဘူး၊ သူတို့ လူကြီးသဘောနဲ့ သူတို့ဌာနက ဝန်ထမ်းတွေကို အဆင်ပြေသလို နာမည်တွေ စာရင်းထည့်ပြီး ပြည်နယ်နဲ့ ဝန်ကြီးဌာန နေပြည် တော်ကို စာရင်းပို့ လိုက်တယ်။ အခုဒီမေလ ဒီရက်ထဲကျမှ ဘယ်သူတွေ စစ်သင်တန်းတက်ရမယ်။ စစ်မှုထမ်း ခေါ်ရင် လိုက်ရမယ်ဆိုပြီးသိကြတော့ ပေါက်ကွဲကုန်ရော၊ အခုဆို တချို့ဝန်ထမ်းတွေ ထွက်စာတင်တယ်။ လူမလာ တော့ဘူး။ တချိူ့အိမ်ပြောင်း၊ လိုင်းခန်းက ပြောင်းပြီးရှောင်ကုန်ကြတာမျိုးရှိနေတယ်"ဟု ဖားအံစစ်ကောင်စီ ဝန်ထမ်းသတင်းအရင်းအမြစ်က ပြောသည်။

ယခုလို စစ်ကောင်စီက လက်အောက်ခံ ဝန်ထမ်းများကို စစ်မှုထမ်းရန် အသိပေးထားသလို စစ်မှုထမ်းသူများ အ နေဖြင့် လက်ရှိဝန်ထမ်းလစာအပြင် စစ်မှုထမ်းလစာပါ ခံစားခွင့်ရမည်ဖြစ်ကြောင်း စစ်မှုထမ်းကာလပြီးပါက ပါဝင် စစ်မှုထမ်းဆောင်ခဲ့သည့် ထူးချွန်သည့်အခြေအနေပေါ်မူတည်ပြီး ခံစားခွင့်များရရှိမည်ဖြစ်ပြီး ဌာန၏ မူလတာ ဝန်များ ပြန်လည်ထမ်းဆောင်ရာတွင် ရာထူးတိုးခံစားခွင့်များ ရရှိမည်ဟု မက်လုံးပေးပြောဆို မှုများ ရှိနေကြာင်း သိရှိရသည်။

ယခုအခြေအနေအပေါ် ဖားအံမြို့ခံတစ်ဦးက "ကရင်ပြည်နယ်မှာ ဖားအံနဲ့ လှိုင်းဘွဲကလွဲရင် ဝန်ထမ်းတွေ တိုက်ပွဲ တွေကြားမှာပဲ အခြေအနေကြည့်ပြီး ဆက်လုပ်နေကြတယ်။ အခုစစ်မှုထမ်းရမယ်ဆိုတော့ ပိုဆိုးကြပြီ။ အရပ် သားတွေ စစ်မှုထမ်းရမယ်ဆိုတုန်းက သူတို့ဝန်ထမ်းသားသမီး ကင်းလွတ်ခွင့်ရအောင်လုပ်ကြတယ်။ အခုသူတို့ ဝန်ထမ်းတွေ တင်မကဘူး၊ စစ်မှုထမ်းဟောင်း ပင်စင်စားတွေပါ၊ စစ်ထဲ ပြန်ဝင်ရမယ်ဆိုတော့ သူတို့ တကယ် စစ်မှု ထမ်းခေါ်ပြီ ရှေ့တန်းလိုက်ရပြီဆိုရင်တာ့ မလွယ်ဘူး။ အခုက နေရာစုံ စစ်တပ်က ရှုံးနေတာဆို‌တော့ " ဟု ပြော သည်။

လတ်တလော ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ ခုမှ ဖာပွန်မြို့နယ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-KNLA မဟာမိတ်တပ်များ သိမ်းပိုက်ထိန်းချုပ်ထားပြီး အလားတူ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ကျိုက် ဒုံမြို့နယ်ခွဲလည်း စစ်ကောင်စီက လက်လွတ်ဆုံးရှုံးထားရကြောင်း စစ်ရေးသတင်း အချက်အလက်များအရ သိရသည်။

ထို့အပြင် မြဝတီ၊ ကော့ကရိတ်၊ သံတောင်၊ မြို့များတွင် စစ်ကောင်စီတပ်စခန်းများ၊ စစ်တပ်စစ်ကြောင်းများအား KNLA မဟာမိတ်ပူးပေါင်းတပ်များ ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ဘုရားသုံးဆူ မြို့နယ်ခွဲ၊ ကျုံဒိုးမြို့နယ်ခွဲ နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ဒေသများတွင် နှစ်ဖက်စစ်ရေးတင်းမာမှုများ ဆက်ရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

လက်ရှိ ကရင်ပြည်နယ် စစ်ကောင်စီက ကော့ကရိတ်မြို့နယ် ဝန်ထမ်းများအား ရုံးတက်ကြရန်၊ ကျောင်းဖွင့် ကြရန် ညွှန်ကြားပြီးနောက်ပိုင်း လစာလာမထုတ်ယူတော့ဘဲ ရှောင်တိမ်းနေသူနှင့် ဌာနနှင့် အဆက်အသွယ် မလုပ် တော့ဘဲ အလုပ်နုတ်ထွက်သူဝန်ထမ်းများလည်း ရှိနေကြာင်း ဝန်ထမ်းအသိုင်းအဝိုင်းသတင်းအရင်းအမြစ်များက ပြောသည်။

Most read this week

May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...