စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှင့် မိသားစုဝင်ရာနှင့်ချီ AA ထံ လက်နက်ချ

စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှင့် မိသားစုဝင်ရာနှင့်ချီ AA ထံ လက်နက်ချ

အာရက္ခတပ်တော်(AA) မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင် အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုများ ရာချီကာ ‌AA ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ရုပ်သံနှင့်တကွ ထုတ်ပြန်သည်။

ယနေ့ မေလ ၆ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး လက်နက်ချအညံ့ခံသည့်  ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်သားများသည် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့သူများ ဖြစ်သည်ဟု ဖော်ပြသည်။

စကခ(၁၅) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားရာနှင့်ချီသေဆုံးပြီး ထွက်ပြေးလွတ်မြောက်နေသေးသော တပ်သားများကိုလည်း အာရက္ခတပ်တော် လိုက်လံချေမှုန်းနေသည်ဟု အေအေ သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။

" ဘူးသီးတောင်မြို့ကို တပ်ဖြန့်ပြီး ထွက်ပြေးနေတဲ့ စစ်သားတွေကို အေအေက လိုက်ရှင်း နေတာရှိပါတယ်။ တိုက်ပွဲ အတွင်းမှာလည်း သေရာ အလောင်းရာချီရပါတယ်"ဟု ပြောသည်။

အေအေက ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်သားများအပြင် စစ်သင်တန်းပေးထားသည့် မွတ်ဆလင်တပ်သားများကိုလည်း တွေ့ရပြီး စုစုပေါင်း လက်နက်ချအညံ့ခံသူ ရာချီကို တွေ့မြင်ရသည်။

ဘူးသီးတောင်အခြေစိုက် တပ်မဌာနချုပ်စကခ (၁၅)နှင့် တပ်ရင်း(၄) ရင်း၊ မောင်တောမြို့နယ်က ကျီးကန်းပြင်ဌာနချုပ်အပါအဝင် စခန်းကြီး ၄ ခုကို အပြီးသတ် သိမ်းပိုက်ရယူထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA)က မေ ၄ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်မြို့မှ စကခ (၁၅) တပ်မဌာနချုပ်၊ ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)နှင့် ခမရ (၅၅၁) တို့ကို သိမ်းပိုက်ရရှိထားပြီး  မောင်တောမြို့နယ်မှ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း၊ နခခ-၁ (ကျီးကန်းပြင်) နခခ-၁၀ (လှဖိုးခေါင်) စခန်း၊ အင်းဒင် နခခ(၆)တို့ကို အေအေက သိမ်းပိုက်ထားပြီ ဖြစ်၍ များမကြာမီ ဘူးသီးတောင်၊ မောင်တောဒေသသည် အေအေလက်ထဲသို့ ကျရောက်သွားနိုင်သည်ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများက ‌ခန့်မှန်းသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ရေးအရှိန်ပြင်းထန်နေ၍ မေလ ၄ ရက် နှင့် ၅ ရက်နေ့တို့တွင် စစ်ကောင်စီသား ၁၃၂ ဦးလက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံသွားခဲ့ကြသည်။

ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...