ရှားတောမှာ KA နဲ့ KNDF တပ်ရင်း(၁၇)တို့ ဦးဆောင်ပြီး နယ်စပ်လုံခြုံရေးအဖွဲ့ ဖွဲ့စည်း

ရှားတောမှာ KA နဲ့ KNDF တပ်ရင်း(၁၇)တို့ ဦးဆောင်ပြီး နယ်စပ်လုံခြုံရေးအဖွဲ့ ဖွဲ့စည်း

ကရင်နီပြည် ရှားတောမြို့နယ်မှာ ရှားတောမြို့လုံခြုံရေးအတွက် ကရင်နီတပ်မတော်(KA) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF )တို့ ဦးဆောင်ပြီး နယ်စပ်လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းကာ သင်တန်းပို့ချပေးနေတယ်လို့ သိရပါတယ်။  

ရှားတောမှာ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီးပြီဖြစ်ပေမဲ့ လုံခြုံရေး လိုအပ်ချက်အရ  နယ်စပ်လုံခြုံရေးအဖွဲ့ဖွဲ့လိုက်တာဖြစ်တယ်လို့ ရှားတောမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

“ဒီ နယ်စပ်လုံခြုံရေးအဖွဲ့ဖွဲ့တယ်ဆိုတာက အရင်တစ်လ ရှားတော mission (စစ်ဆင်ရေး) ပြီးတဲ့အချိန်မှာ ပြီးပြီးချင်းမှာ ဒီ KA၊ KNDF နဲ့ရှားတောမြို့ပေါ်မှာရှိတဲ့ လူကြီးအဖွဲ့တွေနဲ့ ရှားတောမြို့နယ် တစ်မြို့နယ်လုံးအတွက်ပေါ့နော် သူတို့ အစည်းအဝေးထိုင်ပြီးတော့ သူတို့ရှေ့ဆက် သူတို့ဘယ်လိုလုပ်ရမလဲ ဆိုတာ အခုလည်း မတည်ငြိမ်သေးဘူးဆိုတဲ့ ဟာမျိုးတွေပြောခါကြတော့ နယ်စပ်လုံခြုံရေးဖွဲ့ထားတာပေါ့။”လို့ ရှားတောမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

လက်ရှိဖွဲ့စည်းလိုက်တဲ့ နယ်စပ်လုံခြုံရေးအဖွဲ့ဟာ ရှားတောမြို့နယ်အုပ်ချုပ်ရေးအောက်မှာ ရပ်တည်သွားမည့်အဖွဲ့အစည်းအဖြစ် ကနဦးသဘောတူထားတယ်လို့ IECရဲ့အတွင်းရေးမှူး(၂) ဦးဗညားကပြောပါတယ်။

“ရှားတောဟာတစ်ခုကတော့ အနည်းနဲ့အများကတော့ နောက်ပိုင်းကျရင် ရှားတောမြို့နယ်အုပ်ချုပ်ရေးအောက်မှာရှိမည့် ကာကွယ်ရေးတပ်ပေါ့နော်။ နယ်စပ်လုံခြုံရေးတပ် ပုံစံမျိုးနဲ့ပေါ့နော်။ ဒေသလုံခြုံရေးတပ် ပုံစံမျိုးနဲ့မြို့နယ်တပ်ပုံစံမျိုးနဲ့ ဖွဲ့စည်းဖို့ အတွက်ကနဦး လက်ခံထားတယ်‌ပေါ့နော်”လို့ ဦးဗညားကဆိုပါတယ်။

ဖွဲ့စည်းလိုက်တဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ကို တစ်လကြာ KA နဲ့ KNDF ဦးဆောင်ပြီး သင်တန်းပို့ချပေးခဲ့ပါတယ်။  ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်‌နေ့မှာ သင်တန်းဆင်းပွဲလုပ်ခဲ့ပြီး  သင်တန်းမှာအပါဝင်တက်ရောက်တဲ့ သင်တန်းသားဦးရေ (၂၂၀)ဝန်းကျင်ရှိကာ အမျိုးသမီး ၂၅ ဦးဝန်းကျင် ပါတယ်လို့ သိရပါတယ်။  

အဆိုပါ သင်တန်းသား ၂၂၀ ဝန်းကျင်မှာ KNDFတပ်ဖွဲ့ထဲ  ၅၀ ဝန်းကျင် ပူးပေါင်းပါဝင်သွားတာရှိသလို သစ်တောဦးစီးဌာနအတွက် ၁၂ဦး ရွေးချယ်ခဲ့ပြီး ကျန်ရှိခဲ့တဲ့ သင်တန်းသားတွေဟာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်သွားကြမှာဖြစ်တယ်လို့ဆိုပါတယ်။

May 25, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ၁၂ တန်းပြီးမြောက်သွားတဲ့ ကလေးတွေရဲ့...
May 23, 2026
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက...
May 23, 2026
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်က လယ်စပါးခင်းတွေကို ခရု၊ ဂဏန်းနဲ့ ကြွက်တွေဖျက်ဆီးတာကြောင့်...
May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...