ရှေ့တန်းရဲဘော်တွေကို အရေးပေါ်ကယ်ဆယ်ရေးပြုလုပ်ပေးနိုင်ဖို့ ဆေးတပ်သားသင်တန်း ပြုလုပ်ခဲ့

ရှေ့တန်းရဲဘော်တွေကို အရေးပေါ်ကယ်ဆယ်ရေးပြုလုပ်ပေးနိုင်ဖို့ ဆေးတပ်သားသင်တန်း ပြုလုပ်ခဲ့
ဓါတ်ပုံ - DMO ၁၁၀၆ တပ်ရင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
ဓါတ်ပုံ - DMO ၁၁၀၆ တပ်ရင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အခြေစိုက်တပ်ရင်းဖြစ်တဲ့ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းဟာ ရှေ့တန်းရဲဘော်တွေကို အထိခိုက်နည်းပြီး အရေးပေါ်ကယ်ဆယ်‌ရေးပြုလုပ်ပေးနိုင်ဖို့ အတွက် တခြားမဟာမိတ်တပ်ရင်းနဲ့အတူ ဆေးတပ်သားသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိကကတော့ အဲ့လို မြေပြင်လိုအပ်ချက်ဖြစ်တဲ့ ရှေ့တန်းမှာရဲဘော်တွေ ထိခိုက်မှုနည်းဖို့ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့ပေါ့။”လို့ DMO PDF အမှတ် (၁၁၀၆)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သင်တန်းကို တခြားမဟာမိတ်တပ်ရင်းဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကနေ မတ်လ ၂၈ ရက်နေ့အထိ နှစ်ပတ်တိတိ ပြုလုပ်ခဲ့ပြီး ရဲဘော်၊ ရဲမေ စုစုပေါင်း ၃၀ ဦး တက်ရောက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

“လူဦးရေ ကန့်သတ်ထားတာမျိုး မရှိပါဘူးပေါ့နော်။ မြေပြင်လိုအပ်ချက်အရ သင်တန်းလုပ်တာဖြစ်တဲ့အတွက် မြေပြင်ကယ်ဆယ်ရေး စိတ်ဝင်စားသူ ရဲဘော်၊ ရဲမေ အများစုက လာတက်ကြပါတယ်။ ရဲမေက ၁၃ဦး ၊ ရဲဘော်က ၁၇ဦး တက်ခဲ့တယ်။”လို့ အဆိုပါတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာလည်း သင်တန်းပြီးမြောက်သွားတဲ့ ရဲဘော်၊ ရဲမေတွေဟာ မြေပြင်မှာ တာဝန်ထမ်းဆောင်နေကြပြီလို့ သိရပါတယ်။ ရှေ့တန်း ဆေးတပ်သားတွေအတွက် ဆေးအိတ် နဲ့ ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေအနေနဲ့ ထောက်ပံ့ကူညီကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...