ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူတွေ AA ရဲ့ထောက်ခံစာပါမှ ခရီးသွားလာခွင့်ပြု

ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူတွေ AA ရဲ့ထောက်ခံစာပါမှ ခရီးသွားလာခွင့်ပြု

- ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူတွေဟာ ခရီးသွားလာမယ်ဆိုရင် ရက္ခိုင့်တပ်တော်(AA)ဆီကနေ ထောက်ခံစာယူရပြီး ထောက်ခံစာမပါရင် ပလက်၀မြို့နယ်ထဲကို ဝင်ထွက်သွားလာခွင့်မပြုဘူးလို့ သိရပါတယ်။

- စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှာ ၃ လအတွင်း အရပ်သားပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ် ၄၀ ကျော်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

- စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ လက်နက်ကြီးကြောင့် ၂ လအတွင်းမှာ အရပ်သား ၈၀ ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး ၆၀ ကျော် ပါဝင်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

May 1, 2024
ပူတာအိုဒေသကို စက်သုံးဆီတွေ မဝင်တာ တစ်လကျော်ပြီဖြစ်တာကြောင့် လယ်ယာလုပ်ကိုင်သူတွေ အခက်ကြုံနေရပါတယ်...
May 1, 2024
- နွေရာသီအချိန်ကာလမှာ နေအပူချိန်မြင့်တက်ပြီး ရေတွေခန်းခြောက်လာတဲ့အတွက် ကရင်ပြည်နယ်အတွင်းက...
April 30, 2024
- ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့...
April 29, 2024
ကချင်ပြည်၊ မြစ်ကြီးနားမြို့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့ ခလရ ၅၈ စစ်ကောင်စီ တပ်ရင်းကနေ အခုရက်ပိုင်း...