ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူတွေ AA ရဲ့ထောက်ခံစာပါမှ ခရီးသွားလာခွင့်ပြု

ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူတွေ AA ရဲ့ထောက်ခံစာပါမှ ခရီးသွားလာခွင့်ပြု

- ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူတွေဟာ ခရီးသွားလာမယ်ဆိုရင် ရက္ခိုင့်တပ်တော်(AA)ဆီကနေ ထောက်ခံစာယူရပြီး ထောက်ခံစာမပါရင် ပလက်၀မြို့နယ်ထဲကို ဝင်ထွက်သွားလာခွင့်မပြုဘူးလို့ သိရပါတယ်။

- စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှာ ၃ လအတွင်း အရပ်သားပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ် ၄၀ ကျော်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

- စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ လက်နက်ကြီးကြောင့် ၂ လအတွင်းမှာ အရပ်သား ၈၀ ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး ၆၀ ကျော် ပါဝင်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

August 29, 2026
- ကချင်ပြည်နယ် ဗန်းမော်ဘက်ကို အင်အားဖြည့်ဖို့ ရေလမ်းကြောင်းကနေ ဆန်တက်လာတဲ့ စစ်တပ်ရဲ့...
August 28, 2026
- ချင်းအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပေါင်းစည်းနိုင်ရေးအတွက် ချင်းလဲန်းကောင်စီ (CC) နဲ့...
August 27, 2026
- ကရင်နီပြည်မှာ ဂျဲဒါန်အခြေပြုအကြမ်းဖက်မှုတွေ မြင့်မားနေသေးတာကြောင့် လျှော့ချနိုင်ဖို့...
August 26, 2026
- KIO ထိန်းချုပ်နယ်မြေမှာ ကုမ္ပဏီတွေကို မြေရှားသတ္တုလုပ်ကွက်ချပေးအပြီး လိုက်နာရမယ့်ဥပဒေတွေကိုပါ...