၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ဒီးမော့ဆိုမြို့မှာ ကျင်းပပြုလုပ်

၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ဒီးမော့ဆိုမြို့မှာ ကျင်းပပြုလုပ်

ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ ဒီကနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

"ကယန်းလူမျိုးတွေက ကိုယ့်အမျိုးသားနေ့ကို တန်ဖိုးထားဖို့။ အဲ့ဒီနေ့မှာ တစ်မျိုးသားလုံးပေါ့နော နေပြည်တော်ကောင်စီမှာရှိသော ပေါင်းလောင်းမှာရှိတဲ့ကယန်းတွေကော ကရင်ပြည်နယ်မှာရှိတဲ့ကယန်းတွေကော အကုန်လုံး တစ်ညီတညွတ်တည်း စည်းလုံးညီညွတ်မှုရှိစေဖို့ စည်းလုံးခြင်းအင်အားဖြစ်တဲ့အတွက်ကြောင့် "ဘုံ" ဆိုပြီးတော့ အမျိုးသားနေ့သတ်မှတ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်။” လို့ အခမ်းအနားဖြစ်မြောက်ရေး တာဝန်ခံတစ်ဦးက ဆိုပါတယ်။

အခမ်းအနားအနေနဲ့ ကျင်းပပေမဲ့ လူဦးရေအကန့်အသတ်နဲ့သာ ကျင်းပနိုင်ခဲ့တယ်လို့လဲ သူကဆက်ပြောပါတယ်။ စစ်ကောင်စီက လူစုလူဝေးရှိရာနေရာတွေကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နိုင်တာကြောင့် လုံခြုံရေးစိုးရိမ်မှုရှိခဲ့တယ်လို့ တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

" ဒီနိုင်ငံရေးအခြေအနေမှာ ကျနော်တို့လဲ အရမ်းစိုးရိမ်တယ်။ အခု နိုင်ငံရေးအခြေအနေက ဘယ်နေ့ ဘယ်ချိန်ဖြစ်မလဲ တိုက်ပွဲတွေ လေကြောင်းတိုက်ခိုက်မှုတွေ အရမ်းစိုးရိမ်မိတယ်။” လို့ သူက ဆိုပါတယ်။

ကယန်းအမျိုးသားနေ့ အခမ်းအနားမှာတော့ အမျိုးသားသီချင်းသီဆိုခြင်း၊ ကယန်းအမျိုးသား အလံအား အလေးပြုခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ပေးပို့လာတဲ့သဝဏ်လွှာဖတ်ကြားခြင်း၊ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ကံစမ်းမဲဖောက်ခြင်း စတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ကြပြီး လူဦးရေ စုစုပေါင်း (၃၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...