မောင်တောခရိုင်တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေဆဲ

မောင်တောခရိုင်တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေဆဲ

ရခိုင်ပြည်၊ မောင်တောခရိုင်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကလည်း စခန်းများမကျရှုံးရေး ကြည်း၊ လေ ပူးပေါင်းခုခံနေ၍ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

မတ်လ ၂၅ ရက်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာ တောင်ဘက် (၄) ကီလိုမီတာခန့်အကွာ ဘူးသီးတောင် - မောင်တော တောင်ကျော်လမ်း၌ ဘူးသီးတောင်ဗျူဟာ လက်အောက်ခံ ခလရ (၂၃၄) တပ်ရင်းမှ အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းနှင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား မျက်မြင် ၈ ဦးကျဆုံးခဲ့ကြောင်း AA က မတ်လ ၂၈ ရက် ထုတ်ပြန်သည်။ ယင်းအပြင် AA က ထိုးစစ်ဆင်တိုက်ခိုက်နေသော ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား မတ်လ ၂၅ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင်လည်း မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းတပ်စခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အကြိတ်အနယ် ခုခံတိုက်ခိုက်လျက်ရှိသည်။

AA က ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေသည်မှာ တစ်လနီးပါးအထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

မောင်တောခရိုင်ရှိ စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ကာ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး ရက္ခိုင့်တပ်တော်(AA)က စစ်ရေးအရှိန်မြှင့်ကာ ထိုးစစ်ဆင်တိုက်နေခြင်းဖြစ်သည်။

မောင်တောမြို့နယ်က ရန်အောင်မြင်၊ တမန်းသားတပ်စခန်းနှင့် ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ ခမရ (၅၅၂) တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထားပြီး ဖြစ်သည်။

ရခိုင်စစ်ပွဲ လေးလကျော်အတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ ဆက်လက်၍ ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း တစ်ခုမျှမကျန်အောင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု AA က ပြောဆိုထားသည်။

လက်ရှိတွင်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်တွင်လည်း ထိတွေ့တိုက်ပွဲနှင့်အတူ နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိသည်။

ပုံစာ - ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...