ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းကို AA သိမ်းပိုက်

ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းကို AA သိမ်းပိုက်

ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းအား မတ်လ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

ခမရ(၅၅၂)တပ်ရင်းအား ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ကြည်း၊ လေပူးပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း (၃၂) ရက်အကြာတွင် စခန်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်နက်ခဲယမ်း၊ အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သားအချို့ကို လက်ရဖမ်းဆီးမိခဲ့သည်။ ယင်းအပြင် ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိကြောင်း AA က ဆိုသည်။

AA အနေဖြင့် လက်နက်ချအညံ့ခံသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး လက်ရှိတွင် ရခိုင်နှင့် ပလက်ဝဒေသ၌ လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သားနှင့် တပ်မိသားစုဝင် စုစုပေါင်းအရေအတွက်မှာ ထောင်ချီ၍ရှိနေပြီ ဖြစ်ကြောင်း ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများမှာ လေးလကျော်အထိ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်ကာ တစ်ခုပြီးတစ်ခု သိမ်းပိုက်လျက်ရှိနေသည်။

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...