ဆန်ရိက္ခာမလောက်တာကြောင့် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တချို့မှာ ဆန်ပြုတ် ချက်စားနေရ

ဆန်ရိက္ခာမလောက်တာကြောင့် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တချို့မှာ ဆန်ပြုတ် ချက်စားနေရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ စားနပ်ရိက္ခာ ပြတ်တောက်လုနီးပါး ဖြစ်နေတာကြောင့်  တချို့မိသားစုတွေမှာ မနက်ပိုင်း ထမင်းချက်စားပြီး ညနေပိုင်းကို ဆန်ပြုတ်ချက်စားနေကြရတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ပြီခဲ့တဲ့ နှစ်တွေမှာ အလှူရှင်တွေ ပုံမှန်လာရောက် လှူဒါန်းပေးနိုင်လို့ စား၀တ်နေရေးအဆင်ပြေပေမဲ့  အခုနှစ်ပိုင်းမှာ အလှူရှင်ရှားပါးလာတာကြောင့် စား၀တ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ဆန်ကုန်ပြီဆိုရင် သူတို့လာလာပေးပေးတယ်။ ခုနောက်ပိုင်းက တဖြည်းဖြည်း ပါးလာတယ်။ လာပေးရင်လည်း ၁ ပြည် ၂ ပြည်လောက်ပဲ ပေးနိုင်ကြတော့ အရင်လို အဆင်မပြေတော့ဘူး။ ခြံငှားလိုက်မယ်ဆိုလည်း ဒီချိန်ခေါ်မယ့်သူတွေကလည်း မရှိကြသေးဘူး။ ဘာ၀င်ငွေမှ မရှိဘူး။ ထွက်ငွေတွေပဲရှိတယ်။" လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လာရောက်လှူဒါန်းပေးတဲ့ အလှူရှင်တွေ တချို့ ရှိနေပေမယ့် တစ်မိသားစုကို ဆန်တစ်ပြည်နှုန်းသာ မျှပေးနိုင်တာကြောင့် မိသားစုဦး‌ရေများသူတွေအတွက် အဆင်မပြေဘူးလို့ ဆိုပါတယ်။

အရေးပေါ် လိုအပ်နေတဲ့ မိသားစုကိုသာ ဦးစားပေးမယ်ဆိုရင်လည်း အားလုံးနီးပါးက လိုအပ်နေတာကြောင့် အဆင်မပြေဘူးလို့ စစ်ရှောင်စခန်း ကော်မတီ၀င်တစ်ဦးက ပြောပါတယ်။

"အရေးပေါ်မိသားစုတွေပဲ ပေးမယ်ပြောတော့ အကုန်လုံးလိုလိုက အရေးပေါ်တွေပဲကော။ ဆန်တွေက တစ်မိသားစုမှာ အိတ်လိုက်၊ ပုံး လိုက်နဲ့ မရှိကြတော့ဘူး။" လို့ စစ်ရှောင်ကော်မတီ၀င်တစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင် အိမ်ခြေ ၁၀၀ ၀န်းကျင်ရှိပြီး တစ်ခြားစစ်ရှောင်တွေမှာလည်း ထိုနည်းတူ စားနပ်ရိက္ခာ ကြပ်တည်းနေကြတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...