မင်းပြားတိုက်ပွဲအတွင်း စစ်ကောင်စီက အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း HDCO ထုတ်ပြန်

မင်းပြားတိုက်ပွဲအတွင်း စစ်ကောင်စီက အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း HDCO ထုတ်ပြန်

ရခိုင်ပြည်၊ မင်းပြားမြို့တိုက်ပွဲ ၂ လကျော်အတွင်း စစ်ကောင်စီက အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သွားခဲ့ကြောင်း Humanitarian and Development Coordination Office ( HDCO) က သတင်း ထုတ်ပြန်သည်။

၎င်းသတ်ဖြတ်မှုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ အတွင်း အကြမ်းဖက်စစ်ကောင်စီ မှ မင်းပြားမြို့နယ်အတွင်း ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ (SAC) တပ်ဖွဲ့များ၏ စစ်ရာဇဝတ်မှုကျူးလွန် သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများ အထဲတွင် မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ (၄) ဦး၊ မင်းပြားမြို့နယ်အတွင်း င/တန်ပျင်းရွာမှ (၃) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၃၀)‌ကျော်ခန့်ဖြစ်သည်ဟု ဆိုသည်။  

အကြမ်းဖက်စစ်ကောင်စီတပ်သည် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်သည့် ရပ်/ရွာများအား ရည်ရွယ်ချက်ရှိရှိ မြေပြင်တပ်ရင်းတပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်လေယာဉ် များဖြင့် ဗုံးများကြဲချခြင်း၊ စစ်ရေယာဉ်များမှ အမြောက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း နှင့် ရပ်/ရွာများသို့ ဝင်ရောက်၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများအပြင် အမျိုးသမီးများအား အုပ်စုဖွဲ့မုဒိန်းကျင့်ကာ လူမဆန်စွာသတ်ဖြတ်ခြင်း နှင့် ရပ်/ရွာများကို မီးရှို့ဖျက်ဆီးခြင်းများစသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သား ၅ ဦးသည် မင်းပြားမြို့နယ် ငတန်ပျင်းကျေးရွာမှ  အမျိုးသမီးငယ်တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သူမနှင့် အတူ မိခင်ဖြစ်သူအား ရက်စက်စွာသတ်ဖြတ်ပစ်ခဲ့ကြောင်း ကိုယ်တိုင်ကျူးလွန်ရာတွင် ပါဝင်သူ ကိုကိုအောင်က ဖွင့်ဟ ဝန်ခံထားသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...