ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ တစ်ဆင့်မြှင့် ထိုးစစ်ဆင်နွှဲ

ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ တစ်ဆင့်မြှင့် ထိုးစစ်ဆင်နွှဲ

"မောင်တောမြို့မြောက်ဘက် အောင်သပြေ နယ်ခြားစောင့်တပ်စခန်းမှ စခန်းစွန့်လာကြသော စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား"

ရခိုင်ပြည်၊ ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ တစ်ဆင့်မြှင့် ထိုးစစ်ဆင်နွှဲလျက်ရှိကြောင်း ရက္ခိုင့်တပ်တော်( AA)က သတင်းထုတ်ပြန်သည်။

ရသေ့တောင်မြို့ အခြေစိုက် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်းများကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများမှာ ပြင်းထန်လျှက်ရှိကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အထဲတွင် “ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၀) ရက်၊ ညနေ (၇) နာရီခန့်မှစပြီး စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ တစ်ဆင့်မြှင့်ထိုးစစ်ကိုတိုးပြီး ဆက်လက် ဆင်နွှဲလျက်ရှိသည်” ဟု ဖော်ပြထားသည်။

၎င်းပြင် ယခင်ရက်များက ထိုးစစ်ပြုလုပ်နေသော နေရာအချို့၌လည်း ပုံမှန်ထိုးစစ်များအား ဆက်လက်ပြုလုပ်နေ ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

မောင်တောမြို့မြောက်ဘက်ရှိ အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းမှ စခန်းစွန့်လာကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့သည် မတ်လ (၁၀) ရက်၊ ညနေ (၄) နာရီကတည်းကပင် တိုက်ပွဲများ ဖြစ်ပွား နေခဲ့ပြီး ယနေ့တွင်လည်း မိမိတို့၏ ဖြတ်တောက်ဝိုင်းရံပိတ်ဆို့ထားမှုများကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်ဟု ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်မှလည်း အဆိုပါစစ်ကြောင်းများကို လိုက်လံချေမှုန်းတိုက်ခိုက်သောကြောင့် စခန်းစွန့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။

ယခုအချိန်အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်နေသူ နယ်ခြားစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်အထိ ရှိနိုင်ပြီး အသေးစိတ်သိရှိရပါက ထပ်မံတင်ပြပေးသွားပါမည် ဟုလည်း ဖော်ပြထားသည်။

လက်ရှိ မတ် ၁၁ ရက် ညနေပိုင်းထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံလာသူ နယ်ခြားစောင့်တပ်သား ၂၉ ဦးရှိသည်ဟု ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြထားသည်။

July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...
“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
June 30, 2026
ခိုင်လူလှ (ရိုးမမြေ) — စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင်...
June 29, 2026
၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမနေရာကို ရခိုင်သူမသီရိစိုး(မနတ-၆၇၀)က ၆ ဘာသာဂုဏ်ထူး (...