မြဝတီ သင်္ဃန်းညီနောင် ခမရ ၃၅၅ နေရာနှင့် စစ်ဗျူဟာကုန်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

မြဝတီ သင်္ဃန်းညီနောင် ခမရ ၃၅၅ နေရာနှင့် စစ်ဗျူဟာကုန်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

မြဝတီသင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း -ခမရ ၃၅၅ တပ်နှင့် စစ်ဗျူဟာကုန်းနေရာ များတွင် ယမန်နေ့ မတ်လ ၇ ရက် နံနက်ပိုင်းမှ စတင်ဖြစ်ပွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ် ပူးပေါင်း PDFတပ်တို့ တိုက်ပွဲမှာ ယနေ့မတ်လ ၈ ရက်နဲံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်း နှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

" ညီနောင် ၃၅၅ တပ်နဲ့ ဗျူဟာဘက်မှာ တိုက်ပွဲကြီးနေတယ်၊ မနေ့ကညနေ မှာ ခလရ ၂၇၅ က ပစ်ထုတ်တာ ရွာသစ် က ၉၀၁ DKBA ခြံဝင်းနားမှာ ကျပေါက်တာ အမျိုးသမီး ၁ ယောက်သေဆုံးတယ်၊ အမျိုးသား ၃ ယောက် အစမှန် ဒဏ်ရာရတယ်၊ လေယာဉ်က မနေ့ ညနေပိုင်းနဲ့ အခုညတုန်းကအထိ ၄ကြိမ် ရှိပြီး။ ဗုံးကြီးတွေ လာပစ်ချတာ အာရှလမ်းနဲ့ ကုန်သွယ်ရေး ဇုန်ဘက်မှာလည်း ပစ်ခတ် နေတယ် " ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယမန်နေ့ ဖြစ်ပွားသည့် တိုက်ပွဲ ဖြစ်စဉ်အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အရပ်သား အမျိုး သမီး ၁ ဦးအပါအဝင် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့များပစ်ခတ်သည့် လက်နက်ကြီး ထိမှန် သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က အထက်အဆင့်ကို တင်ပြသည့် ကြေးနန်းစာတွင် ရေးသားဖော်ပြထားသည်။

သို့သော်လည်း ဖြစ်စဉ်နေရာမှ ရရှိသည့် လက်နက်ကြီး ကျည်နောက်ပိုင်း လေခွင်း ဒလက် ပါ အမှတ် အသားများအရ စစ်တပ်ထုတ်လုပ်သည့် လက်နက်ကြီး မော်တာကျည်များ ဖြစ်နေကြောင်း စစ်ရေးနယ်မြေ တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ယခုလက်ရှိ တိုက်ပွဲကြောင့် မြဝတီ /သင်္ဃန်းညီနောင်၊ ရွာသစ်၊ ကုန်သွယ်ရေးဇုန် နေရာများတွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်တပ်များ နှစ်ဖက်စစ်ရေး တင်းမာနေသည့်အတွက် ကုန်စည်ကားနှင့် ခရီးသည်တင်ကားများ သွားလာမရဲဖြစ်နေပြီး ဒေသခံများ မြဝတီမြို့ဘက် စစ်ရှောင် လာရောက် နေထိုင်နေရကြာင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ရွှေမြစန္ဒီ ရပ်ကွက် သားတစ်ဦးက " အခုက ရွှေမြစန္ဒီ ၊ ရွာသစ်၊ ရှမ်းစု ၊ မဲကနယ် ၊ မြေနီကုန်းဘက်က လူတွေ မြဝတီ မြို့ဘက်နဲ့ ဘုန်းကြီး‌ ကျောင်းတွေမှာ လာရှောင်နေတာ အားလုံးပါင်း တစ်ထောင်ကျော်ရှိတယ်။ လေယာဉ်က ဗုံးကြဲ နေတာရယ်ဈ၊ ၂၇၅ က လက်နက်ကြီးက ဆက်တိုက်ပစ်ထုတ်နေတာ ရယ်ကြောင့် မနေရဲတော့ဘူး ကိုယ့်အိမ်မှာကိုယ် ။ အဲ့လိုဆိုတော့ ရှမ်းကျာင်းမှာ လာရှောင်နေတယ် "  ဟု ပြောသည်။

လတ်တလော  တိုက်ပွဲဖြစ်စဉ်အတွင်း နှစဖက်တပ်များ ထိခိုက်ကျဆုံးမှုများရှိနေပြီး ခမရ ၃၅၅ တပ်ရင်း နှင့် အနီးဝန်းကျင်ရှိ ခမရ ၃၅၆၊ ခမရ ၃၅၇ တပ်များက သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို တပ်ပေါင်းစု ဖွဲ့ပြီး ခုခံစစ်ဖြင့် ကာကွယ်တိုက်ခိုက်နေသည်ဟု စစ်မြေပြင် သတင်းအရင်းထံမှ သိရသည်။

၎င်းအပြင် မြဝတီမြို့အထွက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း - ခလရ ၂၇၅ တပ်က သင်္ဃန်းညီနောင် စစ်ဗျူဟာဘက်ကို လက်နက်ကြီး ပစ်ကူအဆက်မပြတ် ပစ်ခတ်တိုက်ကူနေကြောင်း စစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...