သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ထိုင်း၊ တရုတ်နှင့် မြန်မာတို့ ပူးတွဲလက်မှတ်ရေးထိုးမည်

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ထိုင်း၊ တရုတ်နှင့် မြန်မာတို့ ပူးတွဲလက်မှတ်ရေးထိုးမည်
by -
မဇ္ဈိမ
သံလွင်မြစ်အထက်ပိုင်းပိုင် ရ၀၀၀ မဂ္ဂါ၀ပ်ထွက်ရှိမည့် မောင်တောင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် ထိုင်း၊ တရုတ်နှင့်မြန်မာတို့ ယခုနှစ်အတွင်း လက်မှတ်ရေးထိုးသွားဖွယ်ရှိကြောင်း သိရသည်။ မြန်မာအစိုးရက တာဆန်းရေအား လျှပ်စစ်စီမံကိန်းကို ဖျက်သိမ်းခဲ့သည်။

ထိုင်းနိုင်ငံတကာ လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (EGATi) အနေဖြင့် မောင်တောင် ရေအားလျှပ်စစ်စီမံကိန်းတွင် ၄၀ ရာခိုင်နှုန်း၊ တရုတ် Three Gorges Corp က ၄၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက ၂၀ ရာခိုင်နှုန်း ပါ၀င်သွားမည်ဟု သုံးနိုင်ငံ အစိုးရများ၏ ကိုယ်စား ထိုင်းစွမ်းအင်ဝန်ကြီး နာရွန်ချိုင်အာကာဆန်နီက ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းသည် ငါးနှစ်ကြာမြင့်မည်ဖြစ်ပြီး ပထမအဆင့်တွင် ရ၀၀ မဂ္ဂါ၀ပ် ထုတ်လုပ်ပြီး မြန်မာနိုင်ငံသို့ ကနဦး ပို့လွှတ်သွား မည်ဖြစ်သည်။ ကျန်ရှိနေသည့် မဂ္ဂါ၀ပ် ၆၃၀၀ ကို ထိုင်းနိုင်ငံသို့ ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သဘောတူစာချုပ် ပထမပိုင်းကို ဇွန် ၁၅ ရက်က ထိုင်းဒုဝန်ကြီးချုပ်နှင့် အကြီးတန်းအရာရှိများ မြန်မာနိုင်ငံသို့ သွားရောက် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့က နှစ်နိုင်ငံ ရေးထိုးခဲ့သည့် သဘောတူ စာချုပ်များတွင် နိုင်ငံတွင်းနှင့် နယ်စပ်ဖြတ်ကျော် ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ သဘာဝဓာတ်ငွေ့ရည်ဝယ်ယူတင်သွင်းရေးနှင့် ရေနံချက်စက်ရုံများ တည်ဆောက်ရေးတို့ ပါ၀င်ကြောင်း သိရသည်။

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းအပြင် မဂ္ဂါ၀ပ် ၁၃၆၀ ထွက်ရှိမည့် ဟတ်ကြီးဆည်ရေအား လျှပ်စစ်စီမံကိန်းကိုလည်း၊ မြန်မာ၊ ထိုင်းနှင့် တရုတ်တို့အကြား ယခုနှစ်ကုန်ပိုင်းတွင် လက်မှတ်ရေးထိုး နိုင်ဖွယ်ရှိကြောင်း EGATi မှ အမည်မဖော်လိုသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ စီမံကိန်းတွင် EGATi က ဘတ် ၈၁ ဘီလျံတန်ဖိုးရှိ ရှယ်ယာ ၃၆ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန် ၅၆ ဒသမ ၅ ရာခိုင်နှုန်းကို မြန်မာနှင့် တရုတ်တို့က ပိုင်ဆိုင်မည်ဟု ၎င်းက ပြောကြားသည်။

EGATi အနေဖြင့် မြန်မာနိုင်ငံတွင် မောင်ကော့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတစ်ရုံကိုလည်း အမေရိကန်ဒေါ်လာ သန်းရ၀၀ (ဘတ် ၂၃ ဒသမ ၈၂ ဘီလျံ) သုံးစွဲကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...