နှစ်ဖက် တိုက်ပွဲမရှိဘဲ အရှေ့တောနယ်ဒေသကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

နှစ်ဖက် တိုက်ပွဲမရှိဘဲ အရှေ့တောနယ်ဒေသကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
CJ (ပုံဟောင်း)
CJ (ပုံဟောင်း)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသတွင် ယမန်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသကာ ကွယ်ရေး တပ်ဖွဲ့၏ ဥဩစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ရောင်နီက ပြောသည်။

အရှေ့တောနယ်ဒေသရှိ မေတ္တာမြို့နှင့် ဟိန္ဒားပြင်ရွာတစ်ဝိုက်ရှိနေရာများကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များမ Mi-2 အမျိုးအစား စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဥဩစစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံရဲဘော်ရောင်နီက ယခုလိုပြောသည်။

“အရှေ့တောဒေသမှာ မနေ့ကတော့လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တယ်။ ဗုံး(၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီ နေ့ကတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသားလွတ်ကြီးကို လေယာဉ်နဲ့ လာတိုက်ခိုက်တာပါ။ ကျနော်တို့ သိရသလောက်ကတော့ အရပ်သားတွေရော ကျနော်တို့အဖွဲ့တွေရော ထိခိုက်မှုမရှိသေးဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

လတ်တလောတွင်လည်း အရှေ့တောနယ်ဒေသရှိ ကျေးရွာများတွင် စစ်ကောင်စီမှ မြေပြင်စစ်ကြောင်း ထိုးဝင် ရောက်တပ်စွဲမှုများကို ပိုမိုလုပ်ဆောင်လာသည့်အပြင် လေကြောင်းမှလည်း လက်နက်ကြီး များဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကို ပူးတွဲလုပ်ဆောင်လာကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် မေတ္တာမြို့နှင့်ဟိန္ဒားပြင်ရွာတဝိုက်ရှိ ကျေးရွာများတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရပြီး နေရာထိုင်ခင်း အခက်အခဲများလည်း လိုအပ်လျက်ရှိကြောင်း စစ်‌ဘေးရှောင် တိမ်းနေရသည့် အရှေ့တောဒေသရှိ ဒေသခံတစ်ဦးက ပြောသည်။

၎င်းစစ်ရှောင်က “အခုလက်ရှိမှာဆိုရင် စစ်တပ်က ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာ လေကြောင်းနဲ့ လာတိုက်ခိုက်တာ လေးကြိမ် လောက်ထိရှိနေပြီး အရှေ့တောနယ်မှာ။ စစ်ဘေးရှောင် နေရတဲ့သူတွေလည်းရှိတယ်။ ပိုက်ဆံတတ် နိုင်တဲ့သူတွေကကျတော့ မြို့ပေါ်တက်ကြတယ်။ စစ်ဘေးရှောင်ဦးရေကတော့ လတ်တလောမှာက တိတိ ကျကျ မသိရ သေးဘူး။ ကြားထဲမှာ တိုးလာတာတွေလည်းရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နှစ်ဖက် တိုက်ပွဲဖြစ် ပွားခြင်းမရှိသည့် အချိန်များတွင်သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း စစ်ကောင်စီက K-8W တိုက်လေယာဉ် နှင့် MI – 2 စစ်ရဟတ် ယာဥ်များကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့အတွက် နေအိမ်ပျက် စီးခြင်းနှင့်အရပ်သား ထိခိုက်သေဆုံးခြင်းများရှိခဲ့ကြောင်း သိရသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...