သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များတွင် လေကြောင်းအချက်ပေးစနစ်များတပ်ဆင်နိုင်ရန် အစီစဥ်ဆွဲနေဟု AA ပြော

သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များတွင် လေကြောင်းအချက်ပေးစနစ်များတပ်ဆင်နိုင်ရန် အစီစဥ်ဆွဲနေဟု AA ပြော

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီးသားမြို့နှင့်ဒေသများကို စစ်ကောင်စီက အချိန်မရွေးလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နိုင်နေဆဲဖြစ်၍ လေကြောင်းအချက်ပြစနစ်များ တပ်ဆင်နိုင်ရန် အစီစဥ်များပြုလုပ်နေကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

သိမ်းပိုက်ထားသည့်မြို့နှင့် ဒေသများတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊စားဝတ်နေရေးနှင့် လုံခြုံရေး အတွက် ရက္ခိုင့်တပ်တော်ဘက်ကမည်သို့ဆောင်ရွက်နေသလဲဟု သတင်းထောက်၏ မေးမြန်းမှုနှင့်ပတ်သက်၍ ဦးခိုင်သုခက ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ပလက်ဝမှာဆိုလို့ရှိရင်လည်းသူတို့ဟာ တချို့စစ်ရှောင်တွေနေတဲ့ရွာတွေကိုလာပြီးတော့ ပစ်နေတယ်။ ရခိုင်မှာဆိုရင်လည်းမကြာခင်ရက်တွေက မင်းဖူးဆေးရုံကိုလာပစ်သွားတာတွေ။နောက်ပြီးတော့ သေကန်ရွာကိုလာပစ်သွားတာတွေ။ အဲဒီလိုသူတို့ဟာ ပစ်ချင်တဲ့အချိန်မှာ ညနက်သန်းခေါင်လာပြီးတော့ ပြည်သူတွေအိပ်နေတဲ့အချိန်မှာ ဒါရည်ရွယ်ချက်ရှိရှိနဲ့လာပြီးတော့ပစ်နေကြတာရှိပါတယ်။ ဆိုတော့ အဲဒီလိုအန္တရာယ်တွေလည်းရှိနေပါတယ်။ အဲဒါတွေကိုကာကွယ်နိုင်ဖို့အတွက်လည်း လေကြောင်း အချက်ပေးစနစ်တွေ ဘယ်လိုတပ်ဆင်နိုင်မလဲဆိုတဲ့ကိစ္စတွေကို ကျွန်တော်တို့ ဘက်က စီစဥ်ဆောင်ရွက်နေတာရှိတယ်ဆိုတာကို ဖြည့်စွက်ပြီးရှင်းပြလိုပါတယ်" ဟု ဦးခိုင်သုခကပြောသည်။

ရက္ခိုင့်တပ်တော်သိမ်းပိုက်ထိန်းချုပ်ပြီးသား မြို့များသို့ ရေကြောင်းနှင့်ကုန်းကြောင်းက မဝင်ရောက် လာနိုင်ရန် ပိတ်ဆို့ထားနိုင်သော်လည်း လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်မှုများကို စစ်ကောင်စီကအချိန်မရွေးပြလုပ်နေနိုင်ဆဲဖြစ်ကြောင်း ဦးခိုင်သုခကဆက်ပြောသည်။

"ကျွန်တော်တို့သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေမှာကျွန်တော်တို့ အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားတယ်ဆိုလည်း ရန်သူကနေပြီးတော့ ကုန်းလမ်းလည်းလာလို့မရ။ ရေလမ်းကလည်း လာလို့မရ။ ဒါပေမယ့် လေကြောင်းကတော့ လာလို့ရနေပါတယ်။ လေကြောင်းကနေကျွန်တော်တို့ကို လာပြီးတော့ဘယ်အချိန်မဆို လာပစ်နိုင်တဲ့အခြေအနေပါ။ အဲဒါကြောင့်သူတို့ဘက်က လေကြောင်းကနေပြီးတော့ ဘယ်အချိန်မဆိုလာပြီးတော့ အရပ်ဖက် ပစ်မှတ်တွေကို လာပစ်နေပါတယ်။" ဟု ပြောသည်။

AA သိမ်းပိုက်ထားသည့် မြို့နှင့်ဒေသများတွင် ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့က ရှိသည့်ဆေးဝါးများဖြင့်အကောင်းဆုံးကုသပေးခြင်း၊ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် တစ်ရွာဝင် တစ်ရွာထွက် အသိပညာပေးဟောပြောခြင်းများ တောက်လျှောက်ပြုလုပ်နေကြောင်းလည်း ဦးခိုင်သုခကပြောသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...