မြို့တော်စစ်တွေအနီးရှိ ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA အတည်ပြုထုတ်ပြန်

မြို့တော်စစ်တွေအနီးရှိ ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA အတည်ပြုထုတ်ပြန်

မြို့တော် စစ်တွေအနီးရှိ ပုဏ္ဏားကျွန်းမြို့ကို  ရက္ခိုင့်တပ်တော် (AA) က မတ်လ ၄ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးနောက်  ၃ လကျော် တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်သည်  ခရိုင်မြို့ကြီး ၂မြို့နှင့် မြို့နယ် ၇ ခုကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်သည်။

သိမ်းပိုက်ထိန်းချုပ်လိုက်သည့် ခရိုင်နှစ်ခုမှာ မြောက်ဦးခရိုင်နှင့် ပလက်၀ခရိုင်တို့ဖြစ်ကြပြီး မြို့နယ် ၇ မြို့နယ်မှာ ပလက်၀မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့ဖြစ်ကြသည်။

ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းကို စစ်ကောင်စီက ကြည်း၊ ရေ၊လေဖြင့် အပြင်းအထန် ကာကွယ်နေသည့် ကြားထဲက ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်များက ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း မတ်လ ၄ ရက်နေ့တွင်  ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် “ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ ယနေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက အာရက္ခ စစ်သည်တော်တို့မှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့အားလည်း သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ဒေသ၌ လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

လက်ရှိတွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ တပ်စခန်းများအပါအဝင် ဘူးသီးတောင်၊ ရသေ့တောင်မြို့ရှိ စစ်တပ် တပ်ရင်းများအနေဖြင့်လည်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး များမကြာမီ တစ်မြို့ပြီး တစ်မြို့ အေအေ လက်ထဲ ကျရောက်သွားနိုင်ဖွယ်ရှိသည်ဟု ဒေသအတွင်းက စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

July 2, 2026
ပိုးဝါ — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်အခွန်နှင့် အခွန်ဌာနက ဦးဆောင်ရောင်းချနေသည့်...
July 1, 2026
မောင်စာဂ — အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် ပလက်ဝအပါအဝင် ရခိုင်မှမြို့နယ်များတွင် ယခု ၂ဝ၂၆-...
“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
June 30, 2026
ခိုင်လူလှ (ရိုးမမြေ) — စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင်...
June 29, 2026
၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမနေရာကို ရခိုင်သူမသီရိစိုး(မနတ-၆၇၀)က ၆ ဘာသာဂုဏ်ထူး (...