ရှမ်းတောင် ပအိုဝ်းဒေသကို စစ်ကောင်စီတပ်က အတွဲလိုက်ပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းတောင် ပအိုဝ်းဒေသကို စစ်ကောင်စီတပ်က အတွဲလိုက်ပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့် မတ်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် အတွဲလိုက်ပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA သတင်းစဉ်၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့ကို ထိုနေ့များတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စင်းဖြင့် ဗုံး ၄ ကြိမ် လာရောက်တိုက်ခိုက်သွားခဲ့သလို ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း အတွဲလိုက်ပစ်ဒုံးများဖြင့် အကြိမ်ရေ ၆၀ ခန့်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် နေအိမ်ထိခိုက်ပျက်စီးမှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း ဆီဆိုင်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

 “ဆီဆိုင်မြို့ပတ်ပတ်လည်ကို ခဏခဏပဲ လေယာဉ်နဲ့လာကြဲတယ်။ မြို့ထဲမှာရော၊ ရွာဘက်မှာရော ဘယ်သူမှ မနေ ရဲကြဘူး။ တောင်ကြီးဘက်ကိုပြေးတဲ့သူကပြေးပေါ့။ အိမ်တွေကတော့ ကြေနေလောက် ပြီးထင်ပါတယ်။ တိုက်ပွဲမဖြစ်လည်း သူတို့အမြဲလက်နက်ကြီးနဲ့ထုနေတာပဲ။ ဘယ်ကိုပြေးလို့ ပြေးရမလဲ မသိတော့ဘူး။ မနေ့ည ကတော့ လက်နက် ကြီးသံတွေ နည်းနည်းကြားရသေးတယ်”ဟု  ၎င်းဒေသခံက ကေအိုင်စီ သို့ပြောသည်။၏

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က  ဟိုပုံးမြို့နယ် ပုံးအယ်ကျေးရွာ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပုံးအယ်ဘုန်း တော်ကြီးကျောင်း မီးလောင် ပျက်စီးခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ပအိုဝ်းတို့၏ မြို့၊ ကျေးရွာ၊ အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက် အဦးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေသလို စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေလျက်ရှိပြီး ပြည်သူများကိုလည်း ပေါ်တာဖမ်းခြင်း၊ ကားများအားချောဆွဲ သိမ်းဆည်းခြင်း များကိုလည်း ပြုလုပ်လျက်ရှိကြောင်း PNLA က ပြောသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...