မြို့နေပြည်သူများ စစ်မှုထမ်းရန် ဖိအားပေးခံရပါက နီးစပ်ရာရွာတွင် ဝင်ရောက်တိမ်းရှောင်ရန် ကေအဲန်ယူ မူတြော်ခရိုင်ပြော

မြို့နေပြည်သူများ စစ်မှုထမ်းရန် ဖိအားပေးခံရပါက နီးစပ်ရာရွာတွင် ဝင်ရောက်တိမ်းရှောင်ရန် ကေအဲန်ယူ မူတြော်ခရိုင်ပြော

စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေထုတ်ပြန်သည့်နောက်ပိုင်းတွင် ခရိုင်အတွင်းရှိ မြို့နေပြည်သူများအနေဖြင့် စစ်မှု ထမ်းရန် အတင်းအကြပ်ဖိအားပေးခံရပါက ထိန်းချုပ်နယ်မြေအတွင်းရှိ  နီးစပ်ရွာကျေးရွာများတွင် ဝင်ရောက်ခို လှုံရန် ကေအဲန်ယူ မူတြော်ခရိုင် (တပ်မဟာ ၅) အလုပ်အမှုဆောင်ကော်မတီက မတ်လ ၁ရက် ယမန်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။

စစ်မှုမထမ်းမနေရ ဥပဒေအသက်သွင်းရန်အတွက် သတ်မှတ်ထားသည့် အသက်အပိုင်းခြားတွင်ရှိသည့် ပြည်သူ များကို အတင်းအဓမ္မစစ်တိုက်ခိုင်းတော့မည်ဖြစ်နေသောကြောင့် မြို့ထဲရှိ ပြည်သူများသည် ဖိအားပေး အကြပ် ခံရပါက နယ်မြေထဲရှိ နီးစပ်ရာကျေးရွာများတွင် တိမ်းရှောင်ခိုလှုံ၍ ရကြောင်းကို ခရိုင်အတွင်းရှိပြည်သူများ သိရှိနားလည်ရန်နှင့် တိမ်းရှောင်နိုင်ရန်အတွက် မူတြော်ခရိုင်မှ အသိပေးထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

ဝင်ရောက်ခိုလှုံသည့်ကျေးရွာများတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ လမ်းညွှန်မှုများနှင့် ကူညီ စောင့်ရှောက်မှုရရှိရန်အတွက်ကို နာမည်စာရင်းအတိအကျ တင်သွင်းရန်လိုအပ်ကြောင်းကိုလည်း မူတြော်ခရိုင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မူတြော်ခရိုင်ထဲတွင်ရှိသည့် ကျေးရွာနှင့် မြို့နေပြည်သူများအားလုံးအနေဖြင့် စစ်ကောင်စီ၏ စစ်မှု ထမ်းဥပဒေကို ဆန့်ကျင်ရန်နှင့် စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်ခြင်းကို ထောက်ခံ၊ အားပေး၊ ဝင်ရောက် ခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူများအနေဖြင့် အကြပ်အတည်းအခက်အခဲဖြစ်လာခဲ့ပါက နီးစပ်ရာရှေ့တန်း တာဝန်ရှိသူများထံကို ချက်ချင်းအကြောင်းကြားရမည်ဖြစ်ကြောင်းကိုလည်း ကေအဲန်ယူ မူတြော်ခရိုင်က ပြောဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ လိုက်နာမှုမရှိဘဲ စစ်ကောင်စီအဖွဲ့၏ လုပ်ဆောင်ချက်အတိုင်း လိုက်နာလုပ်ဆောင်နေပါက စစ်အာဏာရှင်အလိုကျနှင့် စစ်အာဏာရှင် အုပ်စုအဖွဲ့ဝင်ဟုသတ်ခံရ မည်ဖြစ် ကြောင်းလည်း ကေအဲန်ယူ မူတြော်ခရိုင်အလုပ်အမှုဆောင်ကော်မတီ၏ ထုတ်ပြန်ချက်ထဲတွင် သတိပေးပြောဆိုထားသည်။

စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေ အတည်ပြု ထုတ်ပြန်ပြီးနောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေ နေရာများသို့ အနယ်နယ်အရပ်ရပ်မှ လူငယ်လူရွယ်အများအပြား လာရောက်တိမ်းရှောင်ခိုလှုံလျက်ရှိသည်ဟု သိရသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...