ထားဝယ်နည်းပညာတက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုတိုက်ခိုက်ခံရ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဗထူးတပ်မတော်ပြော

ထားဝယ်နည်းပညာတက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုတိုက်ခိုက်ခံရ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဗထူးတပ်မတော်ပြော

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ နည်းပညာတက္ကသိုလ်(ထားဝယ်)အနီး တပ်စွဲထား သည့် စစ်ကောင်စီ စခန်းကုန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဗထူးစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်၊ မောင်းမယ်ရှောက်ကျေးရွာ၊ ထားဝယ် နည်းပညာတက္ကသိုလ် အနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ် နှင့် တပ်စွဲနေထိုင်လျက်ရှိသည့် လုံခြုံရေးကင်းစခန်းများကို ယမန်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်ခန့်က ဗထူး တပ်မတော်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ညက ထုတ်ပြန်ထားသည်။

ဗထူးတပ်မတော်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က “ကျနော်တို့ တိုက်တာကတော့ နှစ်ခု ပေါ့။ ဘုရားမဲစစ်ဆေးရေးဂိတ်ရယ်။ ဒီဂိတ်ကို ကာကင်းယူထားတဲ့ စခန်းတစ်ခုရယ်ပေါ့။ ဘုန်းကြီးကျောင်း ထဲမှာ တပ်စွဲထားတဲ့ဟာကို တိုက်တာပေါ့။ သူတို့ နေရာမှာကတော့ စုစုပေါင်းအင်အား အယောက်နှစ်ဆယ် ကျော် လောက်တော့ရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်း စစ်ကောင်စီဘက်မှ (၅)ဦးသေဆုံးခဲ့ပြီး MA-3 အမျိုးအစား လက်နက် (၂)လက်၊ ကျည်ဘောက်(၆)ခု၊ (၄၀မမ) ဗုံးသီး (၆)လုံး၊ (၅.၅၆ကျည်) ၂၀၄ တောင့်၊ လက်ကိုင်ဖုန်း(၂)လုံးနှင့် စကားပြော စက်(၁) လုံး သိမ်းဆည်းရမိကြောင်း ရဲဘော်ထက်မြက်က ဆက်ပြောသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်လျက်ရှိသည့် ပျူစောထီး၊ ပြည်သူ့စစ်များ နှင့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်တပ်အားစွန့်ခွာပြီး ပြည်သူ့ ရင်ခွင်အမြန်ဆုံး ခိုလှုံဝင်ရောက်ကြရန် လည်း ဗထူး စစ်ကြောင်းက ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဖေဖော်ဝါရီလဆန်းပိုင်းမှ စ၍ တနင်္သာရီတိုင်းဒေသ၊ ထားဝယ်မြို့နယ် အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေး အင်အားစုအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုများ နှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိသည်ဒေသခံများထံမှ သိရသည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...