အင်းလေးကန်အနီး ညောင်ရွှေတွင် စစ်မှုထမ်းရန် လူဦးရေ စာရင်းကောက်

အင်းလေးကန်အနီး ညောင်ရွှေတွင် စစ်မှုထမ်းရန် လူဦးရေ စာရင်းကောက်

ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးကန်အနီးရှိ ညောင်ရွှေမြို့၊ ရပ်ကွက်အားလုံးတွင် စစ်မှုထမ်းရန်အတွက် လူဦးရေ စာရင်းများ ကောက်ယူနေသည်ဟု မြို့နေပြည်သူများက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန (ထွေအုပ်)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန (လဝက) ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များမှ ကောက်ယူနေခြင်း ဖြစ်ပြီး အကျုံးဝင်သည့်  လူငယ်များ တိမ်းရှောင် ထွက်ပြေးနေကြရသည်။

မင်္ဂလာရပ်ကွက်နေ စစ်မှုထမ်း အကျုံးဝင်သည့် အမျိုးသား တစ်ဦးက “လေလောဆယ် ညောင်ရွှေမြို့ပေါ် ၈ ရပ် ကွက် အရင် စတယ်ပေါ့နော်။ ရွာဘက်တွေတော့ မပါသေးဘူး။ ပအိုဝ်းရွာဘက် တချို့ကတော့ ပထအသုတ် တောင် ခေါ်ထားပြီ ကြားတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကတည်းက အိမ်ထောင်စုစာရင်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဖေဖော်ဝါ ရီလ ၂၁ ရက်နေ့ နောက်ပိုင်းမှစတင်၍ အသက် ၁၈ မှ အသက် ၄၅ နှစ်အတွင်း အမျိုးသားဦးရေ စာရင်းကို တိတိ ကျကျ ကောက်ယူနေသည်ဟု မြို့နေပြည်သူများက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပေဒနှင့် ပတ်သက်၍ လူဆင့်ခေါ်ခြင်းများကို ဧပြီလခန့်မှသာ လုပ်ဆောင်မည်ဟု သတင်း များ ထွက်ပေါ်နေသော်လည်း နိုင်ငံတဝှမ်းရှိ မြို့နယ်အသီးသီးတွင် လူငယ်များ ဖမ်းဆီးခံရမှုများ ရှိနေသည့်အပြင် အိမ်ထောင်စုစာရင်းများစစ်ခြင်း၊ လူဦးရေစာရင်းများ ကောက်ခံခြင်းများ ရှိနေပြီ ဖြစ်သည်။

ထို့အပြင် လူမသိသူမသိ ခရီးသွားရင်းသော်လည်းကောင်း လူငယ်များ ပျောက်ဆုံးမှုကလည်း ဆက်တိုက်ဖြစ်ပေါ် နေသည်။

တောင်ကြီးမြို့မှ ဆီဆိုင်မြို့သို့ ကားနှင့်သွားသည့် အမျိုးသမီး ၃ ဦးအပါအဝင် လူငယ် ၃ ဦးသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လမ်း၌ပျောက်ဆုံးသွားခဲ့သည်။

ထိုသို့ အခြေအနေများကြောင့် လူငယ်အများစုမှာ အခြားနိုင်ငံများသို့ထွက်ရန် ပြင်ဆင်မှုများ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ တော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်မှုများ ပိုမိုများပြားလာနေသည် ဟု မြေပြင်ရှိ တော်လှန်ရေးအဖွဲ့ သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီ အစိုးရမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် တောင်ကြီး ခရိုင်အတွင်း၌ ညောင်ရွှေမြို့သည် ပထမဆုံး လူစာရင်းကောက်ခံရသည့် မြို့ဖြစ်သည်ဟု ဆိုကြသည်။

သာစည်ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက “နန္ဒဝန်ရပ်ကွက်မှာ စကောက်ကတည်းက တော် တော်များများ ပြေးကုန်ကြပြီ။ လုံးဝ ပညာမတတ်တဲ့ သူတွေတောင် ထိုင်းမှာ စက်ရုံလုပ်သားပဲ လုပ်ရလုပ်ရ ထွက်သွားကြတာ။ ဒီချိန်မှာ အောက်လမ်း အပေါ်လမ်းတွေ မသိတော့ဘူး။ မသေဖို့က အဓိကပဲလေ” ဟု ပြော သည်။

ယခုကဲ့သို့ လူစာရင်း ကောက်ယူနေသောကြောင့် ညောင်ရွှေမြို့အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ လည်း ကြောက်ရွံ့ထိတ်လန့်နေရပြီး ထပ်မံပြောင်းရွှေ့ရမည့် အရေးအတွက် စိုးရိမ်ပူပန်နေကြသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ညောင်ရွှေမြို့နယ်၊ စံကားမြို့နှင့် ထီရီးကျေးရွာတွင်လည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က လူငယ် အယောက် ၁၂၀ ကို တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခဲ့သေးသည်။

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...