ကျောက်ဖြူ ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းမှ အမျိုးသား ၁၀၇ ဦးကို သင်တန်းပေးရန် စကစဗျူဟာမှူးကိုယ်တိုင် လာရောက်စာရင်းကောက်

ကျောက်ဖြူ ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းမှ အမျိုးသား ၁၀၇ ဦးကို သင်တန်းပေးရန် စကစဗျူဟာမှူးကိုယ်တိုင် လာရောက်စာရင်းကောက်
ဓာတ်ပုံ-AMP
ဓာတ်ပုံ-AMP

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ ကျောက်တလုံး မွတ်ဆလင် ဒုက္ခသည်စခန်းမှ လူငယ်အမျိုးသား ၁၀၇ ဦးကို မနက်ဖြန် ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်သင်တန်းပေးရန် ခေါ်ယူမည်ဟုဆိုကာ စစ်တပ်ဗျူဟာမှူး ကိုယ်တိုင် လာရောက်ပြီးအတင်း အဓမ္မ စာရင်းကောက်ယူသွားကြောင်းသတင်းရရှိသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်၊ မနက်ပိုင်းက ခမရ ၅၄၂ ဗျူဟာမှူး ဝဏ္ဏအောင်အပါအဝင် စစ်သားအင်အား ၂၀ ကျော်က ကျောက်တလုံးဒုက္ခသည်စခန်းသို့ ကားတစ်စီးဖြင့်ရောက်ရှိလာပြီး စခန်းရှိကျန်းမာသန်စွမ်းသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်ရှိ အမျိုးသား ၁၀၇ ဦးကို စာရင်းကောက်ယူသွားကာ စစ်သင်တန်းပေးရန်လာခေါ်မည်ဟုပြောဆိုသွားကြောင်း ဒုက္ခသည်တစ်ဦးကပြောသည်။

" မနေ့က မနက်ပိုင်းက စစ်တပ်က စခန်းထဲကိုရောက်လာတာပါ။ စစ်တပ်ဗျူဟာမှူးလည်းပါတယ်။ စစ်သားတွေ ရောက်လာပြီးတော့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားလူငယ်တွေကိုစာရင်းယူသွားတယ်။ အဲဒီလူငယ်တွေကို မနက်ဖြန်မှာ စစ်သင်တန်းပေးဖို့ လာခေါ်မယ်လို့လည်းပြောသွားပါတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

 ယနေ့မနက်က စာရင်းယူသွားသည်မှာ လူငယ်စုစုပေါင်း ၁၀၇ ဦးဖြစ်ပြီး ၄င်းတို့ကို ဖေဖော်ဝါရီလ ၂၈ ရက်၊ မနက် ၇ နာရီအချိန်စစ်သင်တန်းပေးရန် လာခေါ်မည်ဟု ပြောဆိုသွားကြောင်းသိရှိရသည်။

စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအကျပ်ဖိအားပေးမှုများကြောင့် အဆိုပါ ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီးငယ်တစ်ဦးအပါအဝင် လူငယ်(၁၀)ဦးခန့်သည် ပြီးခဲ့သည့် ရက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)ထံ ဝင်ရောက် ခိုလှုံသွားခဲ့သည်။ ရက္ခိုင့်တပ်တော်ထံ ခိုလှုံသွားခဲ့သည်။

မိသားစုဝင် ၇ ဦးနှင့် ဒုက္ခသည်စခန်းအတွင်းမှ သတင်းများကိုဖုန်းဆက်ပြီးပေးသည်ဟုဆိုကာ နောက်ထပ်အမျိုးသားနှစ်ဦး စုစုပေါင်း ၉ ဦးကိုလည်း စစ်တပ်ကဖမ်းဆီးခေါ်ယူသွားကြောင်း မျက်မြင်များကနိရဥ္စရာသို့ပြောသည်။

ဖမ်းဆီးခံရသူများ၏ နာမည်များကိုနိရဉ္စရာ သတင်းဌာနကရရှိထားသော်လည်း လုံခြုံရေး အခြေအနေအရ ဖော်ပြနိုင်ခြင်းမရှိပေ။

အလားတူ ဗျူဟာမှူး ဝဏ္ဏအောင်က AA ထံခိုလှုံသွားသူများကိုပြန်ခေါ်ပေးရန် မိသားစုများကို အကျပ်ကိုင်ပြောဆိုခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း စခန်းမှဒုက္ခသည်တစ်ဦးကပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်က၊ ကျောက်တလုံး ဒုက္ခသည်စခန်းအုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များသည် စခန်းရှိ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ ဒုက္ခသည်အမျိုးသားစာရင်းကို စာရင်း ကောက်ယူသွားပြီး စစ်မှု ထမ်းရမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ဒုက္ခသည်များက ပြောသည်။

စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိသာ အကျုံးဝင်သော်လည်း ဒုက္ခသည် စခန်းတွင်မူ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စာရင်းကောက်ယူသွားကြောင်း သိရသည်။

ယင်းအပြင် စစ်တပ်ဘက်က စစ်မှုထမ်းရန် လူ ၁၅၀ ကို တစ်ပတ်အတွင်းပေးရန် ဖိအား ပေးထားသော်လည်း မွတ်ဆလင် ဥပုသ်ရက်ရှိသည့်အတွက် အချိန် ၃ ရက် ထပ်တိုးပေးထားသည်ဟု ဒုက္ခသည်များက ပြောသည်။

စစ်တပ်အရာရှိများက စစ်မှုထမ်းပြီးပါကာ နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ပြောဆိုခဲ့ပြီး လူမပေးလျှင် အားလုံးကို ဖမ်းဆီးမည်ဟုလည်း ခြိမ်းခြောက်ထားသည့်အတွက် အလွန်စိုးရိမ် နေကြရကြောင်း ဒုက္ခသည်များက ပြောသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...