မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ အပြစ်မဲ့ပြည်သူ လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ပြီး ဆက်လက် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် သတိပေး

မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ အပြစ်မဲ့ပြည်သူ လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ပြီး ဆက်လက် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် သတိပေး

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ သေချာပေါက်ရှုံးနေပြီဖြစ်၍ အရှုံးသမားကောင်း ပီသအောင်ကြိုးစားရန်နှင့် အပြစ်မဲ့ပြည်သူ လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ပြီး ဆက်လက် မိုက်တွင်း မနက်ရန် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏တွစ်တာမှ တဆင့်  သတိပေးလိုက်သည်။

"ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ကြိုးစားမှုကို လေးစားပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့က သေချာပေါက် ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်း ပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသော အကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မည်" ဟု ရေးသားထားသည်။

ယင်းအပြင် "တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ ပြည်သူလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်းနက်နေဦးမယ် ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်"ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆက်လက်ရေးသားထားသည်။

လက်ရှိ ရခိုင်တွင် အကြမ်းဖက်စစ်ကောင်စီသည် ရခိုင်ပြည်သူများအား ဖမ်းဆီးခြင်း၊ လေယာဉ်စီးခရီးသည်များကို ဖမ်းဆီးထားခြင်း၊ အဝေးပြေးကားပေါ်မှ ရခိုင်သွားမည့် ပြည်သူနှင့် လူငယ်များကို ဖမ်းဆီး စစ်ဆေးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသည်။

ရန်ကုန်နှင့် မန္တလေးစသည့် မြို့ကြီးများတွင် စစ်ကောင်စီလော်ဘီချန်နယ်များ နှင့် လူမှုကွန်ယက် စာမျက်နှာများမှတဆင့် လူမျိုး ပဋိပက္ခများဖြစ်အောင် တမင်လှုံ့ဆော်မှုများရှိသကဲ့သို့ ပြည်မတွင် နေထိုင်နေသည့် ရခိုင်လူငယ်များကိုလည်း လိုက်လံဖမ်းဆီး စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...