ရမ်းဗြဲမြို့ကို ဂျက်လေယာဉ် ၃ စီးဖြင့် တပြိုင်တည်းဗုံးကြဲတိုက်ခိုက်

ရမ်းဗြဲမြို့ကို ဂျက်လေယာဉ် ၃ စီးဖြင့် တပြိုင်တည်းဗုံးကြဲတိုက်ခိုက်
ယနေ့ကြဲချသည့် ဗုံးခွံများကို တွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
ယနေ့ကြဲချသည့် ဗုံးခွံများကို တွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)

ရခိုင်ပြည်ရမ်းဗြဲမြို့ကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် တပြိုင်တည်းဗုံးလာကြဲသည်ဟု သတင်းရရှိသည်။

ဗုံးများ ပေါင် ၅၀၀ ဗုံးများဖြစ်ပြီး ခါတိုင်း ဗုံးများထက် ပေါက်ကွဲမှုပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

ရက္ခိုင့်တပ်တော်( AA) က ရမ်းဗြဲမြို့သိမ်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်နေရာ ရမ်းဗြဲမြို့ မကျရေးအတွက် စစ်ကောင်စီက အစွမ်းကုန် စစ်လေယာဉ်များဖြင့် စစ်ကူတိုက်ခိုက်နေသလို ရေတပ်စစ်ရေယာဉ်များဖြင့်လည်း အစွမ်းကုန် ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။

၎င်းပြင် ရမ်းဗြဲမြို့ လူနေရပ်ကွပ်များကိုလည်း စစ်ကောင်စီက လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲကာ အစွမ်းကုန် ဖျက်ဆီးပစ်နေသည်ဟု ဒေသခံများက ပြောကြားသည်။

ထိုသို့ ဖျက်ဆီးမှုကြောင့် ရမ်းဗြဲမြို့ပေါ်တွင် အိမ်ခြေ ၂၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားပြီဟု ဒေသခံများက ပြောဆိုသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...