မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့အနေဖြင့် NUG နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက် သွားမည်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့အနေဖြင့် NUG နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက် သွားမည်

မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် သဘောထားမတူညီသဖြင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အနေဖြင့် ရပ်တည်လိုက်သောအဖွဲ့က အမျိုးသား ညီညွတ်ရေ အစိုးရ-NUG နှင့် စစ်ရေးအရ သာမက နိုင်ငံရေးနှင့် ဘက်စုံကဏ္ဍများတွင်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့၏ ထုတ်ပြန်ပြောဆိုမှုအရ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် NMSP-AD ၏ နိုင်ငံရေး၊ စစ်ရေးကော်မတီခေါင်းဆောင် နိုင်ဇေယျ အပါအဝင် အဖွဲ့ဝင်များနှင့် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင်တို့ အဖွဲ့သည် တော်လှန်ရေးလုပ်ငန်းစဥ်များ ပူးပေါင်းဆောင်ရွက်သွားရန် အွန်လိုင်းမှ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း NMSP-AD ဘက်က ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒါက ပဏာမတွေ့ဆုံမှုဖြစ်ပါတယ်။ အာဏာရှင်တိုက်ဖျက်ရေးမှာ NUG နဲ့ နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းသွားဖို့ ကျနော်တို့ ဆွေးနွေးခဲ့တာရှိတယ်။ အခြားနိုင်ငံရေးဆိုင်ရာတွေ လူမှုကယ်ဆယ်ရေးပိုင်းတွေ ကဏ္ဍအစုံပေါ့ ၊ ပူးပေါင်းဆောင်ရွက်ဖို့ ဝေမျှခဲ့တာရှိတယ်။ စစ်ရေးအရကတော့ ကျနော်တို့ဆက်ပြီး ပူးပေါင်းဆောင် ရွက်ဖို့ရှိပါတယ်” ဟု အဖွဲ့၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ဆွေးနွေးပွဲအတွင်း နှစ်ဖက်အဖွဲ့အကြား မဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ဆွေးနွေးဆောင်ရွက်သွားကြရန် သဘောတူညီခဲ့သည်ဟု NUG က တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NMSP-AD သည် မွန်ပြည်သစ်ပါတီ၏ ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် ညီလာခံတွင် စစ်အာဏာရှင် စနစ်ချုပ် ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ဆွေးနွေးခဲ့ကြသော်လည်း ပါတီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များနှင့် သဘောထားမတူညီသဖြင့် NMSP-ADအဖြစ် ရပ်တည်၍ တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

NMSP-AD ၏ ခွဲထွက်မှုအပေါ် ဗဟိုကော်မတီအနေဖြင့် မိခင်မွန်ပြည်သစ်ပါတီသို့ ပြန်လာနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဘက်က ကြေညာထုတ်ကာ ပြောဆိုထားသည်။ သို့သော်လည်း NUG အပါအဝင် မွန်အမျိုးသားတော်လှန်ရေးအင်အားစု အသီးသီးက NMSP-AD နှင့်အတူ တော်လှန်ရေးအတွက် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...