နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်ရေး လုံးဝရပ်ဆိုင်းသွား

နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကုန်သွယ်ရေး လုံးဝရပ်ဆိုင်းသွား

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကြား နတ်မြစ်ကို ဗဟိုပြု၍ လုပ်ကိုင်နေသည့် ကုန်သွယ်ရေး လုံးဝရပ်ဆိုင်းသွားသည်ဟု သိရသည်။

ကော့ဘဇားခရိုင်အတွင်းရှိ တက်ကနက်ဆိပ်ကမ်းတွင် ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်းသွားသဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် အခွန်ကောက်ခံရရှိမှု များစွာထိခိုက်ခဲ့သည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် မြန်မာနိုင်ငံဘက်မှ သစ်၊ ကွမ်းသီး၊ ငါး၊ ဂျင်း၊ ဆနွင်း၊ ငရုတ်၊ ကြက်သွန်၊ သခွါး၊ ဆန် စသည်တို့ကို မောင်တော၊ စစ်တွေ နှင့် အခြားဆိပ်ကမ်းများမှတဆင့် တက်ကနက်ဆိပ်ကမ်းသို့ တင်ပို့ခဲ့သည်။

အဆိုပါဆိပ်ကမ်းမှပင် ဘင်္ဂလားဒေ့ရှ်က ပလတ်စတစ်ပစ္စည်းများ၊ ချုပ်ပြီးအဝတ်အထည်များ၊ အလူမီနီယမ်များ၊ ဆေးဝါးများ၊ စားသောက်ကုန်များကို မြန်မာနိုင်ငံဘက်သို့ တင်ပို့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၂-၂၃ ခုနှစ်အတွင်း တက်ကနက်ဆိပ်ကမ်းမှတဆင့် ပို့ကုန်-သွင်းကုန် အခွန်ငွေ တာကာ ၇၆ ဒသမ ၃သန်းရရှိခဲ့သည်။

မြန်မာဘက်မှ ကုန်တန်ချိန် ၂၀၀၀၀၀ ကို ဘင်္ဂလာသို့ တင်သွင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ကုန်တန်ချိန် ၃၅၀၀ မြန်မာသို့ တင်ပို့ခဲ့ရသည်။

ပြီးခဲ့သည့်လအတွင်း မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲများ တိုးမြင့်လာနေမှုကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ကာ လုပ်ငန်းများရပ်ဆိုင်းသွားပြီး ဆိပ်ကမ်းကုန်သွယ်ရေးကို များစွာထိခိုက်စေခဲ့သည်ဟု တက်ခနက်ဆိပ်ကမ်းမှ အထွေထွေမန်နေဂျာ ချောင်ဒူရီက ပြောကြားသည်။

ပုံမှန်ကာလများတွင် မြန်မာဘက်မှ ကုန်တင်စက်လှေ တစ်လလျှင် ၁၅၀-၂၀၀ ဆိုက်ကပ်သော်လည်း လွန်ခဲ့သည့်လအတွင်း ၂၅-၃၀ စီးသာ ရောက်ရှိလာတော့သည်ဟု သူက ဆိုသည်။

ယခင်က စက်လှေများ၊ ကုန်တင်ကုန်ချ မော်တော်ယာဉ်များဖြင့် စည်ကားဆူညံနေသည့် တက်ကနက်ဆိပ်ကမ်းမှာ ယခုအခါ လုံးဝတိတ်ဆိတ်ခြောက်ကပ်နေသည်ဟုဆိုသည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...