ကန်ချနပူရီ နယ်စပ် အနီး ၃ ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွား

ကန်ချနပူရီ နယ်စပ် အနီး ၃ ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွား

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တော‌င်ဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အကြား ၃ ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြောသည်။

လက်နက် နှင့် ရိက္ခာများတင်ဆောင်လာသည့် ကား ၁၇ စီးပါ စစ်ကောင်စီတပ် ယာဉ်တန်းနှင့် ကြိုတင် ရောက်ရှိနေသည့် အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်တို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ် ဖွဲ့က ထိုင်းနယ်စပ်နှင့် မဝေးလှသော ထားဝယ်- ထီးခီး လမ်းပိုင်း တစ်နေရာဖြစ်သည့် သင်္ကန်းတုန်းရွာတံတားအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၄ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်တန်းကို ပြည်သူ့ကာ ကွယ်ရေး တပ်များမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် စနိုက်ဘာ၊ ဒရုန်းတို့ကို အသုံးပြု၍လည်း တိုက် ခိုက်နေသည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးကလည်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တချို့ သေဆုံးတယ်လို့ ကြားရတယ်။ သင်္ကန်းတုန်းရွာနားက သစ်ပင်တွေအောက်မှာ စစ်တပ်ကားတွေ အကုန်လုံး ထိုးရပ်ထားတာတွေ့ရတယ်” ဟု ပြောသည်။

နှစ်ဘက်ပစ်ခတ်မှု သုံးရက်အတွင်း လေးကြိမ်ထက် မနည်းဖြစ်ခဲ့ကြောင်း အဆိုပါ ဒေသခံရွာသားက ပြောသည်။

စစ်ကောင်စီယာဥ်တန်း ဝင်လာခြင်းကြောင့် ထားဝယ် - ထီးခီး လမ်းတလျှောက်ရှိ ပခပ်၊ ရမ္မဇူ၊ သရက်ငုပ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနှင့် ဝကုန်းကျေးရွာများမှ ရွာသားများလည်း နီးစပ်ရာ တောတောင်များအတွင်း ထွက် ပြေး တိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားအများစုမှာ စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်မှုထမ်းခိုင်းမည်ကို စိတ်ပူစိုးရိမ်နေကြသည်။

ရွာသားများထဲမှ အချို့သည် လက်ရှိတွင် ပြည်ပသို့ ထွက်ခွာသွားသူများလည်း ရှိနေကြောင်း ရွာသားတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်များမှာ စစ်ကောင်စီ စစ်ကြောင်း ဝင်လာချိန်တွင် နီးစပ်ရာ ဘေးလွှတ်နိုင်မည့် နေရာများသို့ ထွက် ပြေးတိမ်းရှောင်နေကြရပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာသွားချိန်တွင်မူ ကျေးရွာများ၌ ပြန်လည် နေထိုင်ကြသူ များလည်း ရှိနေသည်။

June 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်က စစ်အင်အားနှင့် စစ်ကြောင်းအမြောက်အမြား အသုံးပြုကာ...
June 26, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီး တိုက်...
June 25, 2026
တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်က...
June 24, 2026
ချင်းပြည် တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်တပ်၏...