ဘူးသီးတောင်မှ မွတ်ဆလင်လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

ဘူးသီးတောင်မှ မွတ်ဆလင်လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ပုစွန်ချောင်းကျေးရွာမှ ၁၃ ဦး၊ တပ်မချောင်းကျေးရွာမှ ၅၅ ဦး၊ ငကျိုင်တောက် ကျေးရွာမှ ၃၃ ဦး၊ ကျောက်ဖြူတောင်ကျေးရွာမှ လူငယ် အနည်းဆုံး ၁၀ ဦးခန့် ဖြစ်သည်။

၄င်းတို့ကို ဖေဖော်ဝါရီလ ၁၉ ရက် နှင့် ၂၀  ရက်တို့တွင် ကျေးရွာများကို ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။

အမည်မဖော်လိုသူ မွတ်ဆလင်ရွာလူကြီးတစ်ဦးက " ရွာကိုဝင်လာပြီး အတင်းအဓမ္မ ဖမ်းသွားတာပါ။ ဖမ်းသွားတာ အများစု လူငယ်တွေပဲ။ အခုဖမ်းသွားတဲ့လူတွေကို တပ်ရင်း ၅၃၅နဲ့ ၃၅၃  ကို ခေါ်ယူသွားပါတယ်။ ထပ်ပြီးတော့လည်း ဖမ်းအုံးမယ်လို့ ပြောသွားတော့ လူတိုင်း စိုးရိမ်နေရတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယခုဝင်ရောက်ဖမ်းဆီးသွားသည့်ကျေးရွာများအပြင် တခြားမွတ်ဆလင်ကျေးရွာများမှလည်း ထပ်မံ ဖမ်းဆီးမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်သွားသဖြင့်  လူငယ်များမှာ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။

"စစ်ကောင်စီတပ်ရဲ့ အကြောင်းကို ကျနော်တို့ ကောင်းကောင်း သိတယ်။ သူတို့ဆီ အဖမ်းခံရမယ့်အစား ကျနော်တို့ အေအေဆီမှာပဲ လက်နက်ကိုင်မယ်"ဟု ပြောသည်။

ယခုကဲ့သို့ လူငယ်များအား သူတို့ စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်တပ်ထဲသွင်းခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အသက်အန္တရာယ်လည်း ကျရောက်နိုင်သဖြင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အကျိုးဆက်ကို စစ်ကောင်စီ တာဝန်ယူရမည်ဟု ၎င်းက ပြောဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က မောင်တောမြို့၊ မြို့သူကြီး နခခ(၅) တပ်ရင်းတွင် တပ်မမှူး သူရိန်ထွန်း၊ခရိုင် အုပ်ချုပ်ရေးမှူး နေဦးတို့က မောင်တောမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် မော်လဝီများကို အစည်းအဝေး ခေါ်ယူခဲ့ယူပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းမည်ဆိုလျှင် လက်နက် တပ်ဆင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြောကြားမှုများအား လက်မခံသည့်အတွက် ယခုကဲ့သို့ မွတ်ဆလင်လူငယ်များအား အတင်းအဓမ္မ စစ်မှုထမ်းရန် ဆွဲခေါ်ခြင်းဖြစ်နိုင်ကြောင်း မွတ်ဆလင်များက သုံးသပ်ကြသည်။

ယင်းအပြင် စစ်ကောင်စီသည် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး မွတ်ဆလင်ကယ်ဆယ်ရေး စခန်းမှလည်း အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ အမျိုးသားဦးရေစာရင်းကို ကောက်ယူသွားပြီး  လူပေါင်း၁၅၀ အား စစ်မှုထမ်းရန်ဖိအားပေးထားကြောင်း သိရသည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...