ကျောက်တလုံးဒုက္ခသည်စခန်းတွင် စစ်မှုထမ်းရန် ဖိအားပေးခံနေရ

ကျောက်တလုံးဒုက္ခသည်စခန်းတွင် စစ်မှုထမ်းရန် ဖိအားပေးခံနေရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး မွတ်ဒုက္ခသည်စခန်းမှ အမျိုးသားများစာရင်းကို ယမန်နေ့က ကောက်ယူသွားပြီး လူပေါင်း ၁၅၀ စစ်မှုထမ်းရန် ဖိအားပေးခံနေရကြောင်း သတင်းရရှိသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၇ ရက်က၊ ကျောက်တလုံးဒုက္ခသည်စခန်းအုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များက စခန်းရှိ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ ဒုက္ခသည်အမျိုးသားစာရင်းကို စာရင်း ကောက်ယူသွားပြီး စစ်မှုထမ်းရမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ဒုက္ခသည်စခန်းမှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

" မနေ့က စခန်းအုပ်ချုပ်ရေးကော်မတီက ဦးမော်နီအပါအဝင်သုံးဦးကနေပြီးတော့  စစ်မှုထမ်းဖို့အတွက် ဆိုပြီး စာရင်းကောက်ယူသွားပါတယ်။ မှတ်ပုံတင်တွေ အသက်တွေ စစ်ဆေးပြီးတော့ကောက်ယူသွားတာ" ဟု သူကပြောသည်။

အကြမ်းဖက်စစ်ကောင်စီကျင့်သုံးတော့မည့်စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိအကျုံးဝင်သော်လည်း ဒုက္ခသည်စခန်းတွင်မူ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စာရင်းကောက်ယူသွားကြောင်းသူကဆက်ပြောသည်။

" အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အထိစာရင်းကောက်သွားတာဗျ။ ၃၅ နှစ်အထိမဟုတ်ဘူး" ဟု အဆိုပါမွတ်ဆလင်ဒုက္ခသည်လူငယ်ကပြောသည်။

ယမန်နေ့က ဒုက္ခသည်အမျိုးသားများကိုသာစာရင်းကောက်ယူသွားပြီး အမျိုးသမီးများ မပါဝင်ကြောင်း သိရသည်။

ကျောက်တလုံးဒုက္ခသည်စခန်းကို စစ်တပ်ဘက်က စစ်မှုထမ်းရန် လူ ၁၅၀ ကို ရသတ္တတစ်ပတ် အတွင်းပေးရန် ဖိအားပေးထားပြီး မပေးလျှင်အားလုံးကိုဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားသည်ဟု ဒုက္ခသည်များထံမှသတင်းထွက်နေကြောင်းလည်း ကျောက်ဖြူမြို့မှ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ လူငယ်တစ်ဦးကပြောသည်။

" ကျွန်တော်တို့ ဒုက္ခသည်တွေဆီက ကြားထားရတာရှိပါတယ်။ စခန်းကနေပြီးတော့ လူ ၁၅၀ ကို တစ်ပတ်အတွင်း စစ်မှုထမ်းဖို့ပေးရမယ်။ မပေးရင် အားလုံးကိုဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက် ထားတယ်လို့ ပြောကြတယ်" ဟု သူက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တလုံးဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူး ဦးမော်နီကို နိရဥ္စရာက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။

ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ ကျော်ရှိပြီး အဆိုပါဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ပိုက်ဆိပ်ရက်ကွက်၊ သမ္ဗာန်ချောင်း ရပ်ကွက် တိုးချဲ့ရပ်ကွက် စသည့် မြို့ပေါ်ရပ်ကွက်များမှ ပြောင်းရွှေလာခဲ့ရသူများ ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်က အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြည်သူများ၏ သဘောဆန္ဒမပါဘဲ အာဏာရှင်ပီပီအသက်သွင်းပြီးစတင်ကျင့်သုံးလာခြင်းဖြစ်သည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...