AA ၏ တိုက်ခိုက်မှုကြောင့် မင်းပြားတွင် စစ်သင်္ဘောတစင်းထပ်မံနစ်မြုပ်

AA ၏ တိုက်ခိုက်မှုကြောင့် မင်းပြားတွင် စစ်သင်္ဘောတစင်းထပ်မံနစ်မြုပ်

ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီ၏ ရေယာဉ်များ AA ၏ တိုက်ခိုက်ခံရပြီး နစ်မြုပ်လျက်ရှိရာ မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ သင်္ဘောတစင်း ထပ်မံနစ်မြုပ်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် AA က မင်းပြားမြို့နယ်တွင် စစ်သင်္ဘောကို နစ်မြုပ်ခဲ့သည့်အ‌ကြောင်းကို ဓာတ်ပုံနှင့်တကွ ထုတ်ပြန်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ကျောက်တော်မြို့၌ AA က စစ်ကောင်စီ၏ သင်္ဘောသုံးစင်းကို တိုက်ခိုက်ကာ နစ်မြုပ် နိုင်ခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို တိုက်ခိုက်နစ်မြုပ်နိုင်ခဲ့ခြင်း လည်းဖြစ်ကာ နစ်မြုပ်ခဲ့သည့် စစ်သင်္ဘော လေးစင်းအထိ ရှိလာပြီဖြစ်သည်။

ထို့ပြင် ယင်း သင်္ဘောသုံးစင်းကို လာကူသည့် သင်္ဘောလေးစင်းကို လည်း ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ရခိုင်တိုက်ပွဲများတွင် စစ်ကောင်စီက ကြည်းရေလေ ပပူးပေါင်းမှုဖြင့် AA ၏ ထိုးစစ်ကို ခုခံလျက်ရှိသော်လည်း စစ်စခန်းများ၊ မြို့များကို လက်လွတ်ဆုံးရှုံးလျက်ရှိသည်။

ကြည်းရေလေ ပူးပေါင်းခုခံနေသော်လည်း ကြည်းတပ်ထက် ရေတပ်နှင့် လေတပ်ကို ပိုမိုအသုံးပြုနေသည်ဟု AA က သုံးသပ် ထားသည်။

စစ်ကောင်စီ၏ ရေတပ်သင်္ဘောများကလည်း ရခိုင်ပြည်နယ်အတွင်း ရှိ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူအချို့အသက် ဆုံးရှုံးခဲ့ရသည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် / Crd
September 21, 2026
မကွေးမြို့မှ ထွက်ခွာလာသည့် အင်အား ၁,၅၀၀ နီးပါးပါ စစ်အုပ်စုတပ်၏ ယာဉ်တန်းသည် ယောဒေသ၊ လောင်း...
September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...