လူထုဗဟိုပြုရဲလုပ်ငန်း နဲ့ ဝန်ဆောင်မှု ဆောင်ရွက်နိုင်ဖို့ KSP ရဲစခန်း ၁၄ ခုထိ ဖွင့်လှစ်ထား

လူထုဗဟိုပြုရဲလုပ်ငန်း နဲ့ ဝန်ဆောင်မှု ဆောင်ရွက်နိုင်ဖို့ KSP ရဲစခန်း ၁၄ ခုထိ ဖွင့်လှစ်ထား
ဓါတ်ပုံ - KSP
ဓါတ်ပုံ - KSP

ကရင်နီပြည်အတွင်း ကရင်နီပြည်ရဲဌာနအနေနဲ့ ပြည်သူလူထုတွေအတွက် ရဲလုပ်ငန်းနဲ့ ဝန်ဆောင်မှုပေးတာတွေ ဆောင်ရွက်နိုင်ဖို့  ရဲစခန်းအမှတ်(၁၄) ခုအထိ ဖွင့်လှစ်ထားတယ်လို့ ကရင်နီပြည် ရဲဌာန (KSP) ရဲ့ ပြန်ကြားရေး တာ၀န်ရှိသူ ကိုဘိုဘို က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ KSP စခန်း အမှတ် (၁၄) အထိ ဖွင့်လှစ်ပြီးတော့  ပြည်သူတွေကို လူထုဗဟိုပြုရဲလုပ်ငန်းနဲ့ ဝန်ဆောင်မှုပေးနေပါတယ် “လို့ ကိုဘိုဘို က ဆိုပါတယ်။

ဖွင့်လှစ်ထားတဲ့ ကရင်နီပြည် ရဲဌာန လက်အောက်က ရဲစခန်း ၁၄ ခုဟာ ကရင်နီပြည်အတွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုဆိုင်ရာတွေ ဖြစ်တဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု၊ မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု စတဲ့ ပြစ်မှုကျူးလွန်သူတွေကို KSP တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ဖမ်းဆီးတာရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ ပြည်သူလူထုတွေရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ အခြားသော ဝန်ဆောင်မှုတွေကို လုပ်ဆောင်နေသလို ကွင်းဆင်းပြီး လူထုစည်းရုံးရေး၊ အသိပညာပေးသင်တန်းတွေကိုလည်း ပို့ချဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း ယာဉ်တိုက်မှု ဘေးထွက်ဆိုးကျိုးတွေ လျော့ကျအောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး အသိပညာပေးတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတဲ့ အစီအစဉ်ကို ပြုလုပ်နေတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...