ရေဦးမှာ အရပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်

ရေဦးမှာ အရပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ကုက္ကိုစုရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးတော့ အရပ်သား ၂ ယောက်ကို လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခင်ဦးမြို့နယ်အနောက် ဘက်ခြမ်းကနေ ရေဦးနယ်တောင်ဘက်ခြမ်းက ကုက္ကိုစုရွာထဲ တိတ်တဆိတ် ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ကပြောပါတယ်။

“စစ်ခွေးတွေ ကုက္ကိုစုရွာထဲကို ၂ ဖက်ညှပ်ဝင်ခဲ့တာ အရပ်သားလူငယ်၂ ယောက်ကို လည်လှီးသတ်ဖြတ်သွားတယ် ညပိုင်းမှ တိတ်တဆိတ်လှုပ်ရှားတဲ့စစ်ကြောင်း လည်း ဖြစ်တော့ ဖမ်းဆီးသတ်ဖြတ်တာခံလိုက်ရတယ်”လို့ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၂ ယောက်ဟာ အသက် ၂၈ နှစ်အရွယ် ကိုဇော်သိန်းထိုက်နဲ့ အသက် ၃၁ နှစ်အရွယ် ကိုသိန်းသန်းကြွယ်တို့ ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘီလူးစစ်ကြောင်းအမည်ခံ ခမရ ၇၀၈ နဲ့ ခလရ ၇၁ တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ ရေဦးမြို့နယ် အနောက်ဘက်ခြမ်း ငြုတ္တုံရွာမှာ ဝင်ရောက်တပ်စွဲထားပြီး အဲ့ဒီအနီးတစ်ဝှိုက်က ဒေသခံတွေ ဘေးလွှတ် ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကိုထူးခန့်ကပြောပါတယ်။

“ဒီစစ်ကြောင်းက ခလရ ၇၁ နဲ့ ခမရ ၇၀၈ ပေါ့ ဘီလူးအမည်ခံစစ်ကြောင်းပါ အင်အားက ၁၀၀ လောက်ရှိတယ် လက်ရှိတော့ အရပ်သား ၅ ထောင်လောက်ပြေး နေရတယ်”လို့ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့အထိ ရေဦး၊ ခင်ဦး နဲ့ ဒီပဲယင်းမြို့နယ်တွေထဲ လူအိပ်ချိန်ညပိုင်းတွေမှာပဲ ဝင်ရောက်စီးနင်းနေတာ ဖြစ်ပြီး အဲ့ဒီရက်ပိုင်းအတွင်း အရပ်သား ၁၅ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရ တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေစလို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အရပ်သားနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၄၈၅ ယောက်သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ကပဲ သတင်းထုတ် ပြန်ထားပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...