KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၄ လအတွင်း စစ်တပ်ရဲ့ စခန်းကြီး၊ငယ် ၃၀ ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထား

KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၄ လအတွင်း စစ်တပ်ရဲ့ စခန်းကြီး၊ငယ် ၃၀ ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထား

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက ၄ လအတွင်း စစ်ကောင်စီတပ်ရဲ့စခန်းကြီး၊ ငယ်  ၃၀ ကျော်ကို  တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာ နဲ့ နမ်ဆန်ယန်ကျေးရွာဘက်ကိုဘက် ထိုးစစ်အရှိန်ဟုန်မြင့်လာပေမယ့် ထိရောက်တဲ့စစ်ဆင်ရေးဖော်ဆောင်နိုင်တာမရှိတဲ့အပြင် အောက်တိုဘာကစပြီး လိုင်လုံအောင်ဂျာစခန်းကို KIA ဘက်ကစတင်တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတယ်။

အောင်ဂျာစခန်းသိမ်းတိုက်ပွဲပြီးတဲ့နောက် အောက်တိုဘာလထဲမှာပဲ ရွှေကူဒေသဘက်က စစ်တပ်စခန်း ၂ ခုနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ်က စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ ကန်တော်ယန်တပ်စခန်းကို သိမ်းပိုက်လိုက်တဲ့အပြင် ရှမ်းမြောက်ဘက်က မန်တုံမြို့နယ်ထဲရှိ မိုင်းမော် ခေါ် နမ့်ဟိုင်းစစ်တပ်နဲ့ မုံးပေါ်ဒေသဘက်က ဝိန်းလားဘွမ်စစ်တပ်စခန်းတွေကိုပါ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

“နံပါတ် ၁ က KIO ဌာနချုပ်ဘက်ကို ချိတ်ဆက်တဲ့လမ်းနေရာတွေက အရေးကြီးဆုံးဖြစ်တယ်။ အရေးကြီးတဲ့နေရာတွေမှာရှိနေတဲ့ စစ်တပ်စခန်းတွေကို အရင်သိမ်းတယ်လို့ မြင်တယ်။ ပူတာအိုဘက်မှာဆို ရွာဟောင်းတွေ လူမရှိတဲ့နေရာမှာ စစ်တပ်စခန်းချထားတယ်။ ဒါပေမဲ့ အဲ့ဒီနေရာတွေဟာ KIA အတွက် နောင်မွန်း ဒါမှမဟုတ် ခေါင်လန်ဖူးဘက် ချိတ်ဆက်တဲ့လမ်းကို တားဆီးထားတဲ့နေရာဖြစ်တယ်။ KIA အတွက်ရော စစ်တပ်အတွက်ရော အရေးကြီးတဲ့တပ်စခန်းတွေကို သိမ်းသလို နယ်မြေစိုးမိုးမှုအနေနဲ့ ချထားတဲ့စစ်တပ်စခန်းတွေကိုလည်း သိမ်းနေတာဖြစ်တယ်လို့ မြင်တယ်”ဟု ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦး ပြောပါတယ်။

KNG ကချင်သတင်းဌာနက စုံစမ်းသိရှိရသလောက် ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ၄ လ အတွင်း ကချင်ပြည်မှာ KIA သိမ်းယူနိုင်ခဲ့တဲ့စခန်းတွေကတော့ မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်က လိုင်လုံအောင်ဂျာစစ်တပ်၊ ကန်တော်ယန်စခန်း၊ တာလောကြီးပြည်သူ့စစ်စခန်းတွေအပါအဝင် ရွှေကူဒေသက စစ်တပ်စခန်း ၂ ခုနဲ့ ဖားကန့်ဒေသမှာတော့ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်း ၃ ခုနဲ့ ဝှေခါစစ်ကောင်စီ စခန်းတွေဖြစ်ပါတယ်။

အဲ့ဒါအပြင် တနိုင်းမြို့ ခလရ (၈၆) လက်အောက်က ဒရူချောင်းစစ်တပ်၊ မော်ဟန်ရှိ နမ်ချီမှော်စစ်တပ်စခန်း၊ မိုးကောင်းမြို့နယ် ဆားမှော်ရှိ စပါးတောင်စစ်ကောင်စီတပ်စခန်း၊ ပူတာအိုဒေသဘက်ကတော့  ခရန်ထီးဒမ်စစ်ကောင်စီတပ်စခန်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာပဲ မန်ဝိန်းကြီးစစ်တပ်စခန်းနဲ့ ဂေါင်ငူယန်စစ်တပ်စခန်း၊ ကိုင်းထိပ်နဲ့ ဘလောင်ဒိန်ဆာတပ်တွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး မန်ဝိန်းကြီးကို KIA က ထိန်းချူပ်လိုက်ပြီဖြစ်ပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...