ပအိုးဝ်ဘာသာ ပေ့ချ်အတုများဖြင့် ဝါဒဖြန့်

ပအိုးဝ်ဘာသာ ပေ့ချ်အတုများဖြင့် ဝါဒဖြန့်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကာလ များအတွင်း လူမှုကွန်ယက်စာမျက်နှာ (Facebook)ပေါ်၌ သတင်းမှား ဝါဒဖြန့်မှုများ ကြုံနေရသည်ဟု အင်တာ နက် အသုံးပြုနေသည့် ပအိုဝ်းလူငယ်များက ပြောသည်။

အဆိုပါ ဝါဒဖြန့်မှုများမှာ ဇန်နဝါရီလ ၂၁ ရက်နေ့ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်၊ စံဖူးကျေးရွာ တိုက်ပွဲမှ စတင်ခဲ့ပြီး လက်ရှိ ဆီဆိုင်တိုက်ပွဲ ကာလအထိ ကြုံနေရသည်ဟု ဆိုသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အဲ့ဒီ ဟာက ပေချ့်အတုတွေပေါ့လေ။ မသမာသူ ရန်သူတွေက ပေချ့်အတုတွေ လုပ်ပြီးတော့ ပြည်သူလူထုတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် တိုက်ခိုက်တာပေါ့လေ” ဟု ပြောသည်။

သတင်းမှား ဖြန့်ဝေသည့် ပေချ့်နှင့် အကောင့်များမှာ ပအိုဝ်းဘာသာများဖြင့် ဖြန့်ဝေနေပြီး PNLA အဖွဲ့အစည်း အမည်အား အလွဲသုံးစားပြုလုပ်ထားသည်ကို တွေ့ရသည်။

“ကျနော်တို့ရဲ့ သက်ဆိုင်ရာ စစ်ရေးသတင်း ဖြစ်ဖြစ် ဘာသတင်းဖြစ်ဖြစ် ကျနော်တို့ ထုတ်ပြန်ထား တာက ကျနော်တို့ PNLO info ရယ်၊ PNLA သတင်းဌာန PNLA News and Information Department တွေမှာပဲ ထုတ်ပြန်ပေးပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထု အနေနဲ့ ပေချ့်အတုတွေကနေ လုပ်ကြံတဲ့ သတင်းယောင် သတင်းမှားတွေကို သတိဝိရိယ ကြီးကြီးနဲ့ သတိထားဖို့ တိုက်တွန်းလိုပါတယ်” ဟု (PNLA) စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လတ်တလော သတင်းမှား ဖြန့်ဝေနေသည့် ပေချ့်နှင့် အကောင့်များမှာ ခွန်ဆန်းအောင်၊ ခွန်ဆူမို၊ ပအိုဝ်းပေး၊ နန်းဥမ္မာ စသည်တို့ဖြစ်ပြီး ၎င်းတို့မှာ ပအိုဝ်းဆယ်လီ (ကျော်ကြားသူ)များ ဖြစ်သည်။

သို့သော် ၎င်းတို့၏ အကောင့်အစစ်များ မဟုတ်ဘဲ ပြီးခဲ့သည့် ရက်သတ္တပတ်ကမှ ဖွင့်လှစ်ထားသည့် အကောင့် တုများ ဖြစ်သည်ဟု ဆိုသည်။

အသက် ၃၀ အရွယ် ဆီဆိုင်ဒေသခံ အမျိုးသား တစ်ဦးက “ပေချ့်တစ်ခုဟာ အတုလား အစစ်လားဆိုတာ သိနိုင်ဖို့ သူရဲ့ Like နဲ့ Follower ကို ကြည့်လို့ရတယ်ပေါ့နော်။ ပြီးတော့ သတင်းဌာနတွေကလည်း သတင်းတု သတင်း မှားတွေကို တင်ဆက်ပေးနေတယ်လေ။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း အင်တာနက် ကျေးဇူးနဲ့ လူထုက အမြင် ပွင့်လာကြပြီ။ စစ်တပ်က မအောင်မြင်တဲ့ နည်းလမ်းကိုပဲ ဆက်သုံးနေတယ်” ဟု ပြောသည်။

သတင်းမှား ဖြန့်ဝေသည့် အကောင့်များမှ “ဆီဆိုင်မြို့နယ်အတွင်း PNLO/ PNLA မှ လူဆိုး၊ သူခိုးများကို မဟာ မိတ်တပ်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၈၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီ ဖြစ်သောကြောင့် ဆွေးနွေးညှိနှိုင်းမှု သဘောတူ အချက်များအား ဆောင်ရွက်ခွင့် ပေးလိုက်ပြီ” ဟု ဇန္နဝါရီလ ၂၆ ရက်နေ့တွင် ဖော်ပြထားသည်။

ထို့ကြောင့် အိမ်ယာမဲ့ ကရင်နီ စစ်ဘေးရှောင် အိမ်ထောင်စု ၅၄၂ စုအား တဘက်ကုန်းနှင့် ပင်စုံကျေးရွာအုပ်စုမှ လူမရှိတော့သည့် နေအိမ်များအား ပိုင်ဆိုင်ခွင့် ပေးလိုက်ပြီဟု သတင်းမှား ဖြန့်ဝေထားသည်။

အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ခွန်ဆူမို အကောင့်မှ “ဆီဆိုင်မြို့တွင် ၇၅ ရာခိုင်နှုန်း တည်ငြိမ် အေး ချမ်းပြီ ဖြစ်၍ စစ်ဘေးရှောင်များ အနေဖြင့် လမ်းတစ်ဝက်မှ လှည့်ပြန်ခဲ့ရန် PNLA မှ ညွှန်ကြားသည်” ဟု လုပ်ကြံ ဝါဒဖြန့်ထားသေးသည်။

လတ်တလော၌ Facebook လူမှုကွန်ရက် စာမျက်နှာများတွင် ပြန့်နှံ့နေသည့် သတင်းမှားများအား ဒေသခံများ အနေဖြင့် မယုံကြည်သော်လည်း PNLO/PNLA အနေဖြင့် မြေပြင်သတင်းများကို အချိန်နှင့် တပြေးညီ ထုတ် ပြန်ရန် လိုအပ်သည်ဟု စစ်ရေးလေ့လာ စောင့်ကြည့်သူများက သုံးသပ်ထားသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...