ဧရာဝတီတိုင်း စစ်ကောင်စီက တပ်ထောက်ခံသူများကို စစ်သားသစ် စုခိုင်း

ဧရာဝတီတိုင်း စစ်ကောင်စီက တပ်ထောက်ခံသူများကို စစ်သားသစ် စုခိုင်း
ဓါတ်ပုံ - ဇန်နဝါရီလ ၁၄ ရက်နေ့က ပုသိမ်မြို့ ဆန္ဒပြပွဲတွင် တွေ့ရသော တပ်ထောက်ခံသူများ
ဓါတ်ပုံ - ဇန်နဝါရီလ ၁၄ ရက်နေ့က ပုသိမ်မြို့ ဆန္ဒပြပွဲတွင် တွေ့ရသော တပ်ထောက်ခံသူများ

အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဧရာဝတီတိုင်း စစ်ကောင်စီက တိုင်းအတွင်းရှိ တပ်ထောက် ခံသူများကို ဖိအားပေးပြီး စစ်သားစုဆောင်း ခိုင်းနေသည်ဟု တပ်ထောက်ခံသူများ နှင့် နီးစပ်သူများက ပြော သည်။

ရပ်ကွက်၊ ကျေးရွာ အလိုက် တပ်ထောက်ခံသူ၊ ဦးဆောင်သူ တစ်ဦး အနေဖြင့် စစ်ကောင်စီ တပ်ထဲ ဝင်မည့်သူ ၅ ဦး အနည်းဆုံး တစ်လအတွင်း စုဆောင်းပေးရမှာဖြစ်ပြီး မစုဆောင်းနိုင်ပါက တပ်ထောက်ခံသူ ကိုယ်တိုင် စစ် ကောင်စီတပ်ထံ ဝင်ပြီး စစ်မှုထမ်းရမည်ဟု ဖိအားပေးထားကြောင်း နီးစပ်သူများက ပြောသည်။

မြောင်းမြမြို့က တပ်ထောက်ခံသူများနှင့် နီးစပ်သူ တစ်ဦးက “တပ်ထောက်ခံပွဲတွေမှာ တာဝန်ခံပြီး လူ စုဆောင်း ပေးတဲ့ သူတွေကို စစ်သား စုဆောင်းခိုင်းနေတယ်။ စုမပေးနိုင်ရင် ကိုယ်တိုင် တပ်ထဲဝင်ရမယ်ဆိုပြီး စစ်တပ်က ခြိမ်းခြောက်ထားတော့ ဝင်လူမယ့် သူတွေကို ငွေပေးပြီး လိုက်စုနေကြတယ်” ဟု ပြောသည်။

တပ်ထောက်ခံပွဲ ဦးဆောင်သူများကို ယခုကဲ့သို့ စစ်သားစုဆောင်းခိုင်းခြင်းက ဇန်နဝါရီလ ၁၄ ရက်နေ့၌ ပုသိမ်မြို့ တွင် ပြုလုပ်ခဲ့သည့် မြောက်ပိုင်း မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များကို ရှုတ်ချသည့် ဘာသာရေးမှိုင်းတိုက် ဆန္ဒ ပြပွဲ ပြီးနောက်ပိုင်းတွင် ဖြစ်သည်ဟု ဆိုကြသည်။ ဇန္နဝါရီလ ၁၄ ရက်နေ့မှ ယနေ့အချိန်ထိ စစ်သားစုဆောင်းခိုင်း သည်ဟု ပုသိမ်ဒေသခံများက ဆိုသည်။

တပ်ထောက်ခံပွဲ ဦးဆောင်သူများ အနေဖြင့် စစ်ကောင်စီတပ်အတွက် စစ်သားစုဆောင်းရာတွင် မြောင်းမြမြို့နယ် တခုတည်းမှာသာ မဟုတ်ဘဲ ဧရာဝတီတိုင်း အတွင်းက မြို့နယ်တိုင်းမှာ စုဆောင်းပေးနေရခြင်း ဖြစ်သည်။

ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ လပွတ္တာ၊ ဖျာပုံ စသည့် ခရိုင်မြို့များမှာ ရှိနေသော တပ်ထောက်ခံသူ၊ ဦးဆောင်သူများ နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်ကြပ်များက ကြပ်မတ်ပြီး မြို့နယ်များအတွင်းရှိ ကျေးရွာအသီးသီး ၌ စုဆောင်းနေကြခြင်း ဖြစ်သည်ဟု ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

ပုသိမ်မြို့ အမှတ် ၁၄ ရပ်ကွက်မှ ရာအိမ်မှူး တစ်ဦးက “ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ စစ်သင်တန်း တက်ရ မယ်။ ပြည်သူ့စစ်အဖွဲ့ (ပျူစောထီး) မဖြစ်မနေ ဖွဲ့ရမယ်ဆိုတဲ့ ညွှန်ကြားချက်တော့ ရှိတယ်။ တပ်ထောက်ခံတာ က မဘသ တွေပါ။ အခုက အဲ့ဒီသူတွေကို စစ်ထဲဝင်ခိုင်းနေတာ။ ဒါပေမယ့် တပ်ထဲဝင်မယ့်သူက သူခိုး ဂျပိုး အ လုပ်အကိုင် မရှိတဲ့ ကောင်တွေတောင် မဝင်ဘူး” ဟု ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့က တိုင်းစစ်ကောင်စီအဖွဲ့ ရုံးစိုက်သော ပုသိမ်မြို့တွင် မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ နှင့် တော်လှန်ရေး တပ်ဖွဲ့ များကို ရှုတ်ချသည့် ဆန္ဒပြပွဲကို တတိုင်းလုံးရှိ တပ်ထောက်ခံသူ တသိန်း ငါးသောင်းဖြင့် လုပ်ရန် စစ်ကောင်စီက ညွှန်ကြားခဲ့သော်လည်း အင်အား သုံးရာကျော်နှင့်သာ လုပ်ခဲ့ကြသည်။

တော်လှန်ရေး အင်အားစု‌များ၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲအတွင်း ကျဆုံးသူများ၊ အဖမ်းခံရသူများ၊ ထွက် ပြေးသွားသူများ၊ တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်သူများနှင့် CDM လုပ်သူ များပြား လာသော စစ်ကောင် စီတပ်မှာ အင်အားချိနဲ့ တပ်ပျက်လာသည့်အတွက် စစ်သားအင်အားကို နည်းမျိုးစုံဖြင့် စုဆောင်းနေသည် ဟု ဧရာဝတီတိုင်းအတွင်းရှိ နိင်ငံရေး အကျဉ်းသားဟောင်းအချို့က သုံးသပ် ပြောဆိုသည်။

တပ်ကြပ်ကြီးဟောင်း ဦးတင်ဝင်း က “စိတ်ဓါတ် စည်းကမ်း အကျင့်မကောင်း ကိုယ်ကျိုး ကြည့်တဲ့သူတွေ ရှိနေ သရွေ့ ဘယ်လောက်လိုပဲ စုဆောင်းပါစေ တပ်ပျက်မှာပါပဲ” ဟု ပြောသည်။

ပြီးခဲ့သည့်  ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်းအတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့ဝင်များကို စစ်ကောင်စီက စစ်သင် တန်းတက်ပြီး စစ်တိုက်ရမည် ဆိုသဖြင့် ရာအိမ်မှူး အများအပြား ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့မှ နုတ်ထွက်ခွင့် စာတင်ထားကြသည်။

စစ်ကောင်စီသည် မိဘမဲ့ဂေဟာနေ လူငယ်များ၊ ကျေးလက်ဒေသက အလုပ်လက်မဲ့များ၊ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခံထားသူများ၊ လွတ်ငြိမ်းခွင့်ရ ထောင်ကျ တပ်ပြေး တပ်စည်းကမ်း ချိုးဖေါက်သူများနှင့်  စစ်မှုထမ်း ဟောင်းများကို စစ်အင်အားအတွက် စုဆောင်းမှုများလည်း လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းအရင်း အမြစ်များက ဆိုသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...