မဘိန်းမြို့စခန်းက ထွက်ပြေးသိမ်းရှောင်လာတဲ့ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်၊ဒေသခံ ၃ဦးဖမ်းဆီးခံထားရ

မဘိန်းမြို့စခန်းက ထွက်ပြေးသိမ်းရှောင်လာတဲ့ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်၊ဒေသခံ ၃ဦးဖမ်းဆီးခံထားရ

ရှမ်းမြောက် မဘိန်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကုန်းမခံရှေ့တန်းတပ်စခန်းကနေ ထွက်ပြေးသိမ်းရှောင်လာကြတဲ့ စစ်ကောင်စီတပ်သားအယောက် ၄၀နဲ့ KIA တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ မံစီမြို့နယ်ဒေသခံ တစ်ဦးကပြောပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ မနေ့ည ၉နာရီဝန်းကျင် အချိန်လောက်မှာ အဲဒီစစ်ကောင်စီတပ်သားတွေဟာ မဘိမ်းမြို့အစပ်ဖြစ်တဲ့ မံစီမြို့နယ် ကောင်လွင်ကျေးရွာအနောက်ဘက် ၅မိုင်အကွာက တောအုပ်တစ်နေရာမှာ ထွက်ပြေးသိမ်းရှောင်လာချိန် KIA  တပ်ရင်း ၁၂ တပ်ဖွဲ့ဝင်တွေ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ ကောင်လွင်ဒေသခံ တစ်ဦးကခုလိုပြောပါတယ်။

“မနေ့ည သူတို့ တောအုပ်ကထွက်လာတဲ့အချိန် ကေအိုင်အေတပ်ရင်း၁၂က လိုက်ပစ်တယ် ပြီးတော့ စစ်ကောင်စီဘက်ကပြန်ပြေးသွားတယ်။ ဒီမနက် မိုးလင်းတာနဲ့ ကေအိုင်အေဘက်က သူတို့ကို ဝိုင်းရံပိတ်ဆို့ပြီး ပြန်လိုက်ရှာနေကြတယ်”လိုသူကဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ထွက်ပြေးသိမ်းရှောင်လာကြတဲ့အချိန် ကောင်လွင်ကျေးရွာဘက် တောင်ပေါ်မှာ သစ်ခုတ်နေကြတဲ့ ဒေသခံသုံးဦးကိုလည်း  စစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ် ဖမ်းစီးသွားပေမယ့် တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ပြန်လည်လွတ်မြောက်လာသူနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။

“ သူတို့စစ်ကြောင်းနဲ့ ပြန်လာတဲ့ချိန်ဖမ်းသွားတာတဲ့ ကချင်ကနှစ်ယောက် ရှမ်းဗမာကတစ်ယောက်သုံးယောက်ပေါ့ အဲဒီပြန်လွတ်လာတဲ့ တစ်ယောက်က ကချင်ကောင်လေး ဟုတ်တယ် ကျွတ်တော်တို့စီအူကျေးရွာကဘဲ သူကတော့ စစ်ကြောင်းနားနေတဲ့အချိန်မှာ ထွက်ပြေးလာတာလို့ ပြောတယ်”လို့ဆိုပါတယ်။

ကချင်-ရှမ်းနယ်အစပ်မှာရှိတဲ့ မဘိမ်းမြို့ကို KIA,KPDF,ABSDF ပူးပေါင်းတပ်တွေဟာ ဇန်နဝါရီလ ၂၁ ရက်နေ့ အပြီးသတ်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်တပ်စခန်းမှ စစ်သုံ့ပန်းတစ်ချို့ကိုလည်း ဖမ်းဆီးရမိထားသလို တပ်စခန်းကနေ ထွက်ပြေးသွားသူတွေရှိခဲ့တာဖြစ်ပါတယ်။

အလားတူးဘဲ မံစီမြို့နယ် စီခမ်းကြီးကျေးရွာကို ဝင်သိမ်းတော့မယ်ဆိုတော့ သတင်းကြောင့် စီခမ်းကြီးကျေးရွာက ရွာသားတွေ ၄ပုံ ၃ပုံခန့် ဗန်းမော်ဘက်ကို ထွက်ပြေးကြကုန်ပြီး စီခန်းကြီးကျေးရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ စီကော်ကျေးရွာက ရွာသားအချို့လည်းထွက်ပြေးသိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

တစ်ဖက်မှာလည်း ခုလို စစ်တပ်နဲ့ KIA တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားတာအပြင် ခုရက်ပိုင်း မံစီမြို့နယ်တစ်လျှောက် စစ်ရေးတင်းမာနေတဲ့အတွက် ကောင်ရွန်ကျေးရွာအပြင် စီကော်ကျေးရွာက အလယ်တန်းကျောင်းကို ဒီကနေမှာဘဲအတန်းတင်စာမေးပွဲ ဖြေဆိုဖို့ ပြင်ဆင်နေကြပြီလို့ ဒေသခံတွေကပြောပါတယ်

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...