ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်းက အရပ်သား နှစ်ဦးကို သတ်သွား

ရွှေဘိုတွင် စစ်ကောင်စီစစ်ကြောင်းက အရပ်သား နှစ်ဦးကို သတ်သွား

ရွှေဘိုမြို့တွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အရပ်သား ၂ ဦးကို ပစ်သတ် သွားသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့က အရပ်သား နှစ်ဦးကို ပစ်သတ်သွားခြင်း ဖြစ်သည်ဟု Buffalo Soldiers Freedom Force (BSFF) တာဝန်ခံ ဗိုလ်ကျွဲကြီးက ပြောသည်။

“ခမရ ၁၁ ကနေ ထွက်လာတဲ့ စစ်ကြောင်းကတော့ ကား ၂ စီးနဲ့ပေါ့။ လမ်းဘေးဝဲယာမှာ ရှိတဲ့ ပြေးရင်းလွှား ရင်းနဲ့ ဆိုင်ကယ်မရှိ၊ သွားစရာ လာစရာ မရှိတဲ့ ပြည်သူတွေ ၂ ယောက်ပေါ့နော်။ တစ်ယောက်ကတော့ နွား‌ ကျောင်းရင်း နဲ့ နောက်ကနေ ပစ်သတ်သွားတယ်။ နောက်တစ်ယောက်က လက်ဘက်ရည်ဆိုင်မှာ လူတော့ မရှိ ဘူးပေါ့နော်။ ဒီကောင်တွေကို မြင်လို့ ကြောက်လို့ အတွင်းထဲဝင် မတ်တပ်ရပ် ရေသောက်နေတာကို နောက်က နေ ပစ် သွားတယ်”

အဆိုပါ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့သော် မြေပြင် က စစ်ရေးအခြေအနေများကြောင့် ဇန်နဝါရီလ ၂၁ ရက်နေ့မှသာ အဆိုပါ ဖြစ်စဉ်အား တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ခဲ့သည်။

ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားသည့် အရပ်သား ၂ ဦးမှာ ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် ဦးရွှေသန်းနှင့် အသက် ၃၅ နှစ်အရွယ် ကိုဖိုးသားတို့ ဖြစ်ကြသည်။

ထို့အပြင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ဇန်နဝါရီလ ၂၃ ရက်နေ့ အချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပြီး အဆက်အသွယ်လည်း ပြတ်နေသည်ဟု နီးစပ်သူများက ပြောသည်။

“အဲ ၂ ယောက်ကိုလည်း သူတို့ ရမ်းပြီး လုပ်တာ PDF တွေနဲ့ စပြီးတော့ ပစ်တော့ စစ်ကြောင်း တစ်ကြောင်းက လုံးဝကို သေနတ် မဖောက်နိုင်ဘူး။ မိုင်းတွင်း တည့်တည့် တိုးလာတယ်။ သိရသလောက် ခမရ ၁၁ က အဲ့ စစ် ကြောင်း ရပ်ကွက်ထဲ ရောက်ပြီဆိုမှ သူတို့ ကားနဲ့ ဝင်လာတဲ့ အဖွဲ့ကမှ တောက်လျှောက် အဲဒီမှ ကျန်ခဲ့တဲ့ လူ ၂ ယောက်ပေါ့။ အဲ ၂ ယောက်က ထွက်တဲ့ အချိန်မှာ ပစ်သတ်ခံလိုက်ရတာ။”

ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ မိုင်တဲလ် ဖုန်းတာဝါတိုင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် တော်လှန်ရေး အင်အားစုများက မိုင်းခွဲဖျက်ဆီးခဲ့ရာ နေ့လည် ၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဘက်က အင်အား ၂၀၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်း ဝင်လာခဲ့သည်။

အဆိုပါ ခြေလျင်စစ်ကြောင်းကို BSFF တပ်ဖွဲ့နှင့်အတူ ပ.လ.ဖ တာနောယက္ခစိုးကြီး အဖွဲ့၊ Magic Dragon ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အယောက် ၂၀ ထက် မနည်း ပြင်းထန်ဒဏ်ရာများ ရခဲ့သည်ဟု စစ်တပ်နှင့်နီးစပ်သော သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများနှင့် အရေးနိမ့်ခဲ့ခြင်းကြောင့် တော်လှန်ရေး အင်အားစုများ ကို ခြိမ်းခြောက်သည့် အနေဖြင့် အရပ်သား ၂ ဦးကို ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ရွှေဘိုမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် တော်လှန်ရေးအင်အားစုများ အားကောင်းလာသည့် ၂၀၂၃ ခုနှစ် နှစ်လည်ပိုင်း ခန့်က စတင်ပြီး စစ်ကောင်စီ သတင်းပေးများနှင့် ပျူစောထီးများ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီဟု ဒေသခံများက ပြောသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...