မြန်မာဒုက္ခသည်များကို ထိုင်းက လက်ခံမည်ဆိုသော်လည်း တစ်လကျော်သည်အထိ မထူးခြား

မြန်မာဒုက္ခသည်များကို ထိုင်းက လက်ခံမည်ဆိုသော်လည်း တစ်လကျော်သည်အထိ မထူးခြား

ထိုင်းနယ်စပ်တလျှောက်ကို ရောက်နေသည့် မြန်မာဘက်ခြမ်းက ဒုက္ခသည်များကို လက်ခံသွားမည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးက ပြောဆိုခဲ့သော်လည်း တစ်လကျော်လာသည့် အချိန်ထိ ထူးခြားမှု မရှိသေးဟု စစ်ရှောင် အရေး လုပ်ဆောင်နေသူများနှင့် ကရင်နီစစ်ရှောင်များက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စစ်ရှောင်များကို လက်ခံသွားမည်ဟု ပြောဆိုထားသော်လည်း မြေပြင်မှာ စစ်ရှောင် များကို ယခင်နေထိုင်ခဲ့ကြသည့် နေရာသို့ ပြန်နေကြရန် ထိုင်းအာဏာပိုင်များက ဖိအားပေးနေသည်ဟု ကရင်နီ အမျိုးသမီးအစည်းအရုံး KNWO အတွင်းရေးမှူး ၂ မော်ဖရေးမြာ က ပြောသည်။

“တကယ်တမ်းကတော့ထိုင်းကတော့ သတင်းမှာဖော်ပြတာကတစ်မျိုးဖြစ်နေတယ် ဒါပေမယ့် မြေပြင်မှာတော့ လူသားချင်းစာနာထောက်ထားမှုအကူညီတွေ ပြီးရင် သူတို့လက်ခံပေးမယ့်ဟာတွေကတော့ နည်းနည်းလေး ဆန့် ကျင် သလိုမျိုးဖြစ်တယ်။ ဥပမာ နယ်စပ်တစ်လျောက်မှာ ရောက်နေတဲ့ စစ်ရှောင်တွေဆိုရင် သူတို့ အမျိုးမျိုး သော နည်းလမ်းနဲ့ ပြန်ဖို့ကိစ္စကိုပဲ ကိုယ့်ရဲ့နယ်မြေမှာပဲ ပြန်နေဖို့ကိစ္စကိုပဲ ဖိအားပေးတာမျိုးတွေတော့ ကြုံနေရ တယ်ပေါ့နော်။ ဒါပေမယ့် သတင်းမှာတက်လာတာကျတော့ အဲလိုပုံစံမျိုးနဲ့ ဖော်ပြတာ တစ်မျိုးတော့ ဖြစ်နေ တယ်ပေါ့နော်”

ထိုင်း-ကရင်နီနယ်စပ် အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ဘေး ဒုက္ခသည်များကို လက်ခံသွား မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ  ၃ ရက်နေ့က ပြောဆိုခဲ့သည်။

သို့သော် ထိုင်း-မြန်မာနယ်စပ်တလျှောက်က မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များကို လက်ခံသွားမည်ဆိုသော ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၏ ပြောကြားချက်မှာ ယနေ့အချိန်ထိ အကောင်အထည် မဖော်သေးသည့်အပြင် ထိုင်း-ကရင်နီ နယ်စပ်က စစ်ရှောင်များကို ယခင်နေခဲ့သည့် နေရာသို့ပြန်ရန် ထပ်မံဖိအားပေးနေသည်။

လက်ရှိ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ယာယီလာရောက်ခိုလှုံနေကြသော ထိုင်း-ကရင်နီ နယ်စပ်က စစ်ဘေးရှောင်များ ကို ထိုင်းအာဏာပိုင်များ ယခု ဇန္နဝါရီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာဘက်ခြမ်းရှိ ဒေါနိုးကူးစစ်ရှောင် စခန်းကို ပြန်ကြရန် ပြောဆိုထားသည်ဟု ကရင်နီစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“အခြေနေက လုံးဝငြိမ်သက်သွားပြီဆိုရင် ပြန်တက်ခိုင်းတယ်။ တချို့ကတော့ ဆွေမျိုးတွေရှိတဲ့ စခန်းထဲမှယ သွား နေကြတယ်။ တချို့ကတော့ ပြန်တက်ကုန်ပြီ။ အခုက အကုန်ပြန်မောင်းတက်တော့ ပြန်တက်တဲ့သူတွေ ရှိတယ်။ အကုန်ပြန်တက်ခိုင်းပြီ။”

ထိုင်းအာဏာပိုင်များက ဖိအားပေး ပြန်ခိုင်းနေသော အဆိုပါ စစ်ရှောင်များမှာ မြန်မာဘက်ခြမ်းရှိ ဒေါနိုးကူး စစ်ရှောင်စခန်းက စစ်ရှောင်များဖြစ်ကြသည်။

စစ်ကောင်စီတပ်၏ လေကြောင်းအပြင် လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခံရမှုများကြောင့် မြန်မာဘက်ခြမ်း က ဒေါနိုးကူးစစ်ရှောင်စခန်းမှ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာကြသူများ ဖြစ်သည်။

အဆိုပါ စစ်ရှောင်များမှာ တိုက်ပွဲများ၊ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှု အခြေအနေများအရ မြန်မာ ဘက်ခြမ်းနှင့် ထိုင်းဘက်ခြမ်းကို အပြောင်းအရွှေ့လုပ်နေရသည်မှာ ၃ ကြိမ်ရှိပြီဟုဆိုသည်။ ယနေ့အချိန်ထိလည်း တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်၍ ဒေါနိုးကူးဘက်ခြမ်းကို ပြန်လည်နေထိုင်ဖို့က မဖြစ်နိုင်သေးဘူးဟု စစ်ရှောင် များက ပြောသည်။

စစ်ရှောင်တစ်ဦးက “လေယာဉ်တွေလာတာတော့ မရှိတော့ဘူး ဒါပေမယ့် ရှားတောဘက်မှာ အရင်တစ်ရက် နှစ် ရက်က တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေလို့ လက်နက်ကြီးတွေနဲ့တအားပစ်တယ် လေယဉ်နဲ့လည်း လာကြဲတယ် ပြောတယ်။ ပြေး ဆင်းလိုက် ပြန်တက်လိုက် ပြေးဆင်းလိုက် ပြန်တက်လိုက်နဲ့ ဒီတစ်ခေါက်ပါရင် ၃ ခေါက်ရှိ ပြီ။ တစ်ခါဆင်းလာလိုက် တဲတစ်ခါ လာဆောက်လိုက်။ ပြန်တက်ရင် တစ်ခါပြန်ဖြုတ်လိုက်နဲ့ ဒီတစ်ခေါက် တော့ ဘယ်လိုလုပ်ကြ မလဲ မသိသေးဘူး။”

ထိုင်းအာဏာပိုင်များက ယခုလ   ဇန်နဝါရီ  ၁၈ ရက်နေ့ နောက်ဆုံးထား ၍ ဒေါနိုးကူးဘက်ခြမ်းသို့ ပြန်ကြရန် ပြော ထားသော်လည်း ရွေးချယ်စရာမရှိ၍ လက်ရှိနေနေသည့် ထိုင်းဘက်ခြမ်းက နေရာမှာပဲ ဆက်ပြီး နေနေကြသည်။

ဒေါနိုးကူးစစ်ရှောင်စခန်းမှာ စစ်ရှောင်အိမ်ထောင်စု ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး လူဦးရေ ၅၀၀၀ ခန့်ရှိသည်။ ၎င်းစစ် ရှောင်များမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ကရင်နီပြည်နယ် အတွင်းရှိ နေရာ ဒေသအသီးသီးမှ ထွက်ပြေးလာကြသော စစ်ရှောင်များ ဖြစ်ကြသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဒေါနိုးကူးစစ်ရှာင်စခန်းကို စစ်ကောင်စီက လေယာဉ်မှ လာရောက်တိုက်ခိုက်ခဲ့ရာ စစ်ရှောင်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုခဲ့ ခြင်းကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ရှောင်ပြည်သား အယောက် ၈၀၀ ခန့် ထွက်ပြေးရောက်ရှိလာခဲ့ခြင်း ဖြစ် သည်။ ယခင်နေခဲ့ကြသည့် ဒေါနိုးကူးစစ်ရှောင်စခန်းကို ပြန်ရန်အတွက် လုံခြုံမှုမရှိသေးသောကြောင့် လုံခြုံနိုင် မည့် ထိုင်းဘက်ခြမ်းတွင် ဆက်နေထိုင်ခွင့်ပြုစေချင်သည်ဟု စစ်ရှောင်များက ဆိုသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...