မြောင်းမြအကျဉ်းထောင်တွင် နိုင်ကျဉ်းသုံးဦး ရိုက်နှက် တိုက်ပိတ်ခံရ

မြောင်းမြအကျဉ်းထောင်တွင် နိုင်ကျဉ်းသုံးဦး ရိုက်နှက် တိုက်ပိတ်ခံရ

မြောင်းမြအကျဉ်းထောင်တွင် အလုပ်ကြမ်းလုပ်ရန် ခိုင်းစေသည်ကို ငြင်းဆန်သည့် နိုင်ကျဉ်း ၃ ဦးအား ထောင် ဝန်ထမ်းများက ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခဲ့သည့်အပြင် တိုက်ပိတ်ထားလိုက်သည်ဟု မြောင်းမြထောင်နှင့် နီးစပ်သူ အချို့က ပြောသည်။

ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင် အဆောင် (၅) မှ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည့် ကိုအောင်သက် ပိုင်၊ ကိုလှမျိုးမြင့်နှင့် ကိုဇော်မင်းနိုင်တို့ ၃ ဦးကို အဆောင်မှ ခေါ်ထုတ်ကာ ထောင် အာဏာပိုင်များက ရိုက်နှက် ကြခြင်းဖြစ်သည်ဟု ထောင်ဝန်ထမ်းများနှင့် နီးစပ်သူအချို့က ပြောသည်။

ထောင်ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက “စာကြည့်တိုက်ထဲမှာ သံခြေကျဉ်းခတ်နဲ့ ဝမ်းလျှားမှောက်ခိုင်းပြီးမှ ဝါးကျစ်တုတ်နဲ့ရိုက်တာ တုတ်ကျိုးသွား တော့ ပလပ်စတစ်ရေပိုက်နဲ့ဆက်ရိုက်ခဲ့တာ” ဟု ပြောသည်။

ရိုက်နှက်ခဲ့သူများမှာ ကြီးကြပ်ရေးမှူး ဦးကျော်ဇေယျ၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် တပ်သားသန့်ဇင်ကျော်တို့ ဖြစ်သည်ဟု ဆိုသည်။

“ကိုအောင်သက်ပိုင်က အချက် ၁၀၀ ကျော်၊ ကိုလှမျိုးမြင့်နဲ့ ကိုဇော်မင်းနိုင်တို့က အချက် ၆၀ ကျော်အရိုက်ခံရ တာ အခုကတော့ သူတို့သုံးယောက်လုံးကို ဆေးကုမပေးတဲ့အပြင် တိုက်ပါ ပိတ်ထားတယ်” ဟု အကျဉ်းထောင် နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မြောင်းမြအကျဉ်းထောင် အဆောင် (၅) မှ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည့် ကိုအောင်သက်ပိုင်၊ ကိုလှမျိုး မြင့်နှင့် ကိုဇော်မင်းနိုင်တို့ ၃ ဦးကို ဇန္နဝါရီလ ၁၂ ရက်နေ့တွင် ရိုက်နှက်နှိပ်စက်ခဲ့ပြီးနောက် ဇန္နဝါရီလ ၂၃ ရက်နေ့ အထိ တိုက်ပိတ်ထားသည်ဟု ဆိုသည်။

အထက်တန်းရှေ့နေတစ်ဦးက ထောင်လက်စွဲတွင် နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းခိုင်းစေရန် မပါရှိ ကြောင်း ကိုလိုနီခေတ်မှ ယခုအချိန်ထိ ပယ်ဖျက်ထားခြင်းမရှိ သေးဘူးဟု ပြောသည်။

“ဒီအချိန်ကတော့ ဥပဒေဆိုတာ စက္ကူစုတ်တစ်ရွက်လောက်တောင် တန်ဖိုးမရှိတော့ဘူး။ အာဏာရှိတဲ့သူ လုပ်ပိုင် ခွင့်ရှိတဲ့ သူရဲ့ ပါးစပ်ကထွက်တဲ့ စကားကသာဥပဒေပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက မြောင်းမြအကျဥ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားတစ်ဦးအား တရားမဝင် ပစ္စည်းများ အကျဉ်းထောင်အတွင်းသို့ ထည့်သွင်းသည်ဟု စွပ်စွဲကာ ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ကြ သည်။

ထို့အတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ပုသိမ်အကျဥ်းထောင်အတွင်း ပဋိပက္ခဖြစ်စဉ်တွင် စစ် ကောင်စီ လက်အောက်ခံ စစ်သားများ၊ ရဲများနှင့် ထောင်အာဏာပိုင်များ၏ အကြမ်းဖက် ရိုက်နှက်မှုများကြောင့် နိုင်ငံရေးအကျဥ်းသား ကိုဝေယံဖြိုး (ခေါ်) ရာစု သေဆုံးခဲ့သည်။

Most read this week

ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...
September 4, 2026
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က...
September 4, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ ရေယာဉ်...