ထီးချိုင့်မှာ စစ်တပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေ

ထီးချိုင့်မှာ စစ်တပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေ

စစ်ကိုင်း နဲ့ ကချင် အစပ်ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ကနေ စတင်ခဲ့တဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ နှစ်ဖက် ဒီကနေ့ မနက်ပိုင်းအထိ လက်နက်ကြီး၊လက်နက်ငယ်အသံ ဆက်တိုက်ကြားနေရတယ်လို့ ထီးချိုင့်မြို့အနီးက ဒေသခံတစ်ယောက်ကပြောပါတယ်။

“ဒီကနေ့မနက် တစ်မနက်လုံး တစ်အုန်းအုန်းနဲ့ချနေတာပဲ အခြေနေက နေ့ရှိသ၍တိုက်‌ လေယာဥ်နဲ့လာကြဲ ဒီလိုမျိုးပဲဖြစ်နေတာ အတွင်းထဲက အခြေနေကိုတော့ အသေးစိတ်မသိရဘူး တော်တော်လေးတော့ပြင်းထန် တယ် ခန့်မှန်းကြည့်သလောက်အထဲမှာသာလူရှိရင် အသေနဲ့အကျိုးနှစ်မျိုးပဲရှိတယ်”လို့ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကိုသာအဓိက အသုံးပြုတိုက်ခိုက်နေပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိကို တံတားဦး၊ မကွေး၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့တို့ကနေ ဂျက်ဖိုက်တာ၊ MI 35 အမျိုးအစား လေယာဥ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution TR က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့နယ်ထဲမှာ အဲ့ဒီလို နှစ်ဖက်တပ်တွေအကြားတိုက်ပွဲပြင်းထန်တာတွေကြောင့် အရပ်သားတွေ တစ်ချို့သာကျန်ရှိ တော့တယ်လို့ သူကဆက်ပြောပါတယ်။

“အရပ်သားတွေကတော့ တစ်ချို့ပဲရှိမှာပါ မကြောက်တဲ့သူတွေ၊ မပြေးတဲ့သူတွေပေါ့ သူခိုးတွေဘာတွေ ရောပေါ့ မြို့ရဲ့ ၃ ပုံ မှာ ၂ ပုံလောက်ကလည်း ပျက်ဆီးသွားပြီလေ”လို့ဆိုပါတယ်။

မြို့တွင်းမှာ စစ်ကောင်စီတပ်ဘက်က အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးထားတဲ့ အခြေနေကိုလည်း Tigyaing Revolution TR က မနေ့က ပုံနဲ့တကွထုတ်ပြန်ခဲ့သလို ပုံပါတွေ့ရှိချက်အရဆိုရင် ပြာပုံအတိ ဖြစ်နေတဲ့အရပ်သားနေအိမ်နဲ့အဆောက်အဦးတွေ အဖွေးသားတွေ့နေရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလလောက်က ကောလင်းမြို့ကို တော်လှန်ရေး အင်အားစုတွေသိမ်းပိုက်ပြီး ၂ပတ်လောက်အကြာမှာပဲ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် တိုက်ပွဲ ဖြစ်နေတာ ၂ လကျော်ကကြာရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီ ထီးချိုင့်မြို့သိမ်းတိုက်ပွဲအတွင်းမှာတော့ KIAနဲ့PDF ပူးပေါင်းတပ်တွေအပါအဝင် ရက္ခိုင့်တပ်တော် AA နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ပါ ပါဝင်တိုက်ခိုက်နေတာလို့သိရပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...