ပလက်ဝက ခမောင်းဝစခန်းကို AA သိမ်းပိုက်

ပလက်ဝက ခမောင်းဝစခန်းကို AA သိမ်းပိုက်
ဒီဇင်ဘာ ၂၇ ရက်တွင် AA က သိမ်းပိုက်လိုက်သည့် ပလက်ဝမြို့အနီးရှိ ခဝဲဗျုဟာကုန်းမှ သိမ်းဆည်း ရမိသည့် လက်နက်ခဲယမ်းများနှင့် အတူတွေ့ရသော AA တပ်ဖွဲ့ဝင်များ
ဒီဇင်ဘာ ၂၇ ရက်တွင် AA က သိမ်းပိုက်လိုက်သည့် ပလက်ဝမြို့အနီးရှိ ခဝဲဗျုဟာကုန်းမှ သိမ်းဆည်း ရမိသည့် လက်နက်ခဲယမ်းများနှင့် အတူတွေ့ရသော AA တပ်ဖွဲ့ဝင်များ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခမောင်းဝစခန်းကို ရက္ခိုင့်တပ်တော်(AA) က ဇန်နဝါရီ ၂ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်သည်။

လက်နက်ချအညံ့မခံသေးသော စခန်းကြီး/ငယ်များနှင့် သိမ်းပိုက်နိုင်ရန် အနည်းငယ်သာကျန်ရှိနေသေးသည့် စခန်းများကိုလည်း ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ်ချေမှုန်းသွားမည်ဟု ဆိုသည်။

ယင်းအပြင် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံချေမှုန်းနေပြီး လက်နက်ချအညံ့ခံသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်သလို မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း AA က အသိပေးထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်ကလည်း ပလက်ဝမြို့အနီးရှိ စစ်ကောင်စီ၏ ခဝဲဗျူဟာကုန်းကို AA က သိမ်းပိုက်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ အခြေကုပ်စခန်းကုန်းကို ဒီဇင်ဘာ ၂၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။

လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း AA က သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၀ ခုထိရှိလာပြီး စစ်ကောင်စီက အခိုင်အမာစခန်းချထားသည့် တရွန်အိုင်၊ နှုံးဘူးနှင့် ခဝဲဗျူဟာကုန်း၊ မြိတ်ဝစခန်း၊ လာမွီတောင် စခန်း၊ ပွိုင့် ၃၉၁၊ ပွိုင့် ၃၅၁၊ ပွိုင့် ၁၂၉ ၊ ပွိုင့် ၁၅၉ ၊ ပွိုင့် ၃၇၇ စခန်းကုန်းများအပါအဝင် စခန်းပေါင်း ၂၀ ခုကို AA က သိမ်းပိုက်ထားသည်။

ပလက်ဝမြို့နယ်တွင် နိုဝင်ဘာ ၁၄ ရက်မှစ၍ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး AA က စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။

July 6, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သား နေထိုင်သည့် ကျေးရွာများကို စစ်တပ်က...
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 6, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃...
July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...